" ရေစက်ဆိုတာ ကို အယုံအကြည်မရှိတဲ့ ကျမ က အစ်မနဲ့တွေ့မှ ရေစက် ဆိုတာမျိုး ရှိပါလား လို့ ယုံကြည်ချင်လာမိပြီ "
အစ်မ ကို လေး ကြိမ် မြောက် တွေ့ဆုံမှု ရှိမှ ပဲ ကျမ နာမည် သိခွင့်ရှိမယ်လို့ ဒီအတိုင်း ပြောလိုက်ရုံ ပါပဲ
အစ်မ လို့သာ သုံးနှုန်း လိုက်တာ ပါ ကျမ ထက် ကြီး သလား ငယ်သလား တော့ သေချာမသိဘူးရယ် ထိုအမျိုးသမီး နဲ့ မဆုံဖြစ်တာ နှစ်လ ကြာသွားပြီ ကျမ က အပြင်သွားရင် ပတ်ဝန်းကျင်ကို စေ့စေ့ပေါက်ပေါက် မကြည့်ဖြစ်ပါဘူး ကိုယ်သွားမယ့် နေရာ ကို သာ အဓိက ကြည့်ဖြစ်တာ များတယ်
နောက်ထပ် ထပ်ဆုံ ဖို့ က ထိုအမျိုးသမီး က ကျမ ကို ပိုကြိုးစားပြီး ရှာမှ ပဲ ရမယ် ကျမ က အပြင်တွေ ဘာတွေ သိပ်ထွက် တာ မဟုတ်တော့ ကျမ နဲ့ ဆုံဖို့က ထိုအမျိုးသမီးအတွက် ရာခိုင်နှုန်း အတော် နည်းပါ တယ် ထိုအမျိုးသမီး က လှ တယ် တစ်ခါ ကြည့်ပြီး ရင် နောက် ထပ်ငေးကြည့်ချင်လောက်အောင်ကို လှတယ် ကျမ ထက် မြင့်တဲ့ အရပ် အမောင်း နှာတံ စင်းစင်း မျက်ခုံး ခပ်ထူထူ လေး မျက်လုံး ကလည်း ဆွဲဆောင်မှုရှိတဲ့ ထဲမှာပါ တယ် နှုတ်ခမ်း က မထူမပါး လုံး လုံး လေး အသားရည်က လည်း ဖြူတဲ့ထဲပါတော့ ထိုအမျိုးသမီး ဟာ မိန်းမလှလေး လို့ သတ်မှတ် ထား တာ တော့ အမှန် ကျမ နောက်ထပ် ထပ်တွေးမိတာ ကတော့ ထို အမျိုးသမီး သိပ်လှတယ် သိပ်ကို သိပ်ကို လှတယ်သမီး ဒီနေ့ လှည်းတန်းဘက်သွားမှာမလား
ဟုတ် မေမေ ဘာမှာစရာ ရှိလို့လဲ သမီး ဘာဝယ်ခဲ့ပေးရမလဲ ဟု ကျမ မေ့မေ့ ကို ပြန်မေးလိုက်ခြင်း
ဘာမှ မမှာပါဘူး သမီး ရယ် လှည်းတန်းမှာက ကားရှုပ် လူရှုပ်ဆိုတော့ ဂရုစိုက်ပြီး သတိထားသွားလို့ ပြောမလို့
ဟုတ် စိတ်ချပါ မေမေ သမီး ဂရုစိုက်ပြီး သွားပါ့မယ် စိတ်မပူနဲ့နော်
သူငယ်ချင်း က Graphic သင်တန်း လိုက်အပ်ပေးပါဟု ပူဆာ သဖြင့် လှည်းတန်း ကို သွားရခြင်းပင်
လမ်းထိပ်ရောက်တော့ Taxi တစ်စီး ကို တားလိုက်သည်
ဘယ်သွားမလဲ ညီမ
လှည်းတန်းပါ
လမ်းတစ်လျှောက် သီချင်းနားထောင်ပြီး အပြင်ဘက်ကို တွေတွေ လေး သာ ငေး ရင်း လိုက်ပါလာတော့သည်
BẠN ĐANG ĐỌC
It's You
Lãng mạnကျမ က သူနဲ့ မတွေ့ခင်ထိ ပုံမှန် မိန်းခလေး တစ်ယောက်အနေနဲ့ ဘဝ ကို ဖြတ်သန်းနေခဲ့တာပါ အရာရာ ဟာ သဘာဝ အတိုင်း ဖြစ်တည်ခဲ့ပေမယ့် သူ နဲ့တွေ့ပြီး နောက်ပိုင်း ကျမ ဘဝ ကြီး ဟာ မထင်ထားခဲ့တာတွေ ဖြစ်လာပါတော့တယ် ဒါပေမယ့် ကျ မပျော်တယ် ကျေနပ်တယ် ဟင့်အင်းထူးဆန်းတယ်လို့...