" သဝန်တို ခြင်း အနုပညာ ''
နေရောင်ခြည် သဲ့သဲ့ က တံခါးပေါက် ကို ထိုးဖောက်ပြီး အခန်းအတွင်း ဖြာကျနေသည် တဖြည်းဖြည်းပွင့်လာတဲ့ မျက်ဝန်းတစ်စုံ
ထိုမျက်ဝန်းတစ်စုံ သည် ကြည်လင် တောက်ပနေသည် မျက်ဝန်းလေး ကို ကြည့်ရုံဖြင့် အပြုံးရိပ်တို့ ကို မြင်နေရသည် အဘယ်ကြောင့် ပြုံးနေသနည်းဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်သာ သိပါလိမ့်မည်ခါတိုင်းမနက်တွေထက် နေရောင်ခြည်တွေ ဖြာကျနေပုံကို ကြည့်ရတာ ပိုလှနေသလို ပတ်ဝန်းကျင်က လည်း ပကတိ ကြည်လင် ရှင်းသန့်နေသည် ငွေစင့် အမြင်တွေက ပဲ ပိုလှနေသည်လားတော့ မပြောတတ် ဘယ်နေရာကြည့်ကြည့်အရာ အားလုံးက ခါတိုင်း မနက်ခင်းတွေ ထက် ပိုလှနေတာတော့အမှန်ပဲ ဘယ်အရာ က များ ဒီလို လှပနေစေတာလဲ
ရင်ထဲမှာလည်း ကြည်နူးရိပ်က အပြည့် မကြာခဏ ပြုံးနေမိတာကိုလည်း ကိုယ့်ကိုကိုယ် သတိထားမိသည်
အလုပ်ကို လာ တဲ့ လမ်းတစ်လျှောက်လုံးလည်း မြင်မြင်သမျှဟာ လှပစွာ ရှိနေကြပြန်သည် လူကူးမြင်းကြား မှာ လူတွေ လမ်းကူးနေတာ က အစ လှနေပြန်ရော
လှပခြင်းတွေဟာ ကြာကြာ မခံလိုက် မျက်ခုံးတွေ တွန့်ကွေးသွားသည် အထိ မျက်မှောင်ကြုတ် စေတာ က ဘာများ ဖြစ်နိုင်မလဲ
Coffee ဆိုင်ထဲကို ကိုဇေယျနဲ့ အတူ ဝင်သွားသော '' လရောင် '' ကို တွေ့လိုက်ခြင်းပင်
ဘာကိစ္စရှိလို့ အတူတူ Coffee ဝင် သောက်ကြတာလဲ မြူ့စကားတွေကို ပြန်ကြားယောင်မိသည် ကိုဇေယျ 'လရောင်' ကို ကြည့်တဲ့ အကြည့်တွေထဲမှာ အချစ်ရိပ်တွေ တွေ့တယ်တဲ့ စိတ်ထဲမှာ မတင်မကျဖြစ်ပြီး ကား ကို ဘေးကပ်ရပ်လိုက်ပြီး ' လရောင် ' ဆီကို ဖုန်းဆက်လိုက်သည်
တူ တူ တူ
Hello အစ်မ
" လရောင် '' ဘယ်မှာလဲ
Coffee သောက်မလို့ Coffee ဆိုင်ရောက်နေတာ
ဘယ်သူနဲ့လဲ
ကိုဇေယျနဲ့ပါ
ကိုဇေယျနဲ့ Coffee အတူတူ သောက်တဲ့ အထိ ကို ရင်းနှီးကြတာလား
YOU ARE READING
It's You
Romanceကျမ က သူနဲ့ မတွေ့ခင်ထိ ပုံမှန် မိန်းခလေး တစ်ယောက်အနေနဲ့ ဘဝ ကို ဖြတ်သန်းနေခဲ့တာပါ အရာရာ ဟာ သဘာဝ အတိုင်း ဖြစ်တည်ခဲ့ပေမယ့် သူ နဲ့တွေ့ပြီး နောက်ပိုင်း ကျမ ဘဝ ကြီး ဟာ မထင်ထားခဲ့တာတွေ ဖြစ်လာပါတော့တယ် ဒါပေမယ့် ကျ မပျော်တယ် ကျေနပ်တယ် ဟင့်အင်းထူးဆန်းတယ်လို့...