ခေါင်းပတ်တီး အဖြူကြီးနဲ့ ဆေးရုံ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အစ်မ ကို မြင်တွေ့ရတာ ရင်ကွဲမတတ် ပါပဲ
အခုလို ဖြစ်ရတာ ညီမ ကြောင့်ပါ ညီမ အမှားတွေပါ တောင်းပန်ပါတယ် အစ်မ ရယ်
တသိမ့်သိမ့်တုန် နေတဲ့ ခန္ဓာကိုယ် လေး ဟာ ငိုကြွေးနေပါသည် ဟု ပြောစရာ မလို အောင် ကို သိသာလွန်းနေသည်
" လရောင် ခဏ လောက် နားလိုက်ပါအုံးလား ရောက်ကတည်း က ငို နေတာ အားတွေလည်း ကုန်နေလောက်ပြီ ''
" မမမြူ အစ်မ ပြန်မနိုး လာရင် ဘယ်လို လုပ်မလဲ အဲ့လိုသာ ဖြစ်သွားရင် လရောင် လရောင် သေမှာ ''
" လရောင် ရယ် အဲ့လိုတွေ မတွေးပါနဲ့နော် ငွေစင် က ပြန်နိုးလာမှာပါ ''
" တစ်ကယ်ပါနော် တစ်ကယ် ပြန်နိုးလာမယ်မလား ဟင် ''
" အစ်မ ကို ယုံတယ်မလား ''
လရောင် ခေါင်း ကို တွင်တွင် ညိမ့်ပြသည်
" အဲ့ဒါဆို နားလိုက်အုံးနော် ''
" ဟုတ်ကဲ့ မမမြူ ''
အချိန် တော်တော်ကြာ ငို ထား သည်မို့ အားအင်ကုန်ခမ်း ကာ ခဏ လောက် လှဲ လိုက် ရုံ ဖြင့် အိပ်မောကျသွားလေသည်
နားထဲ တွင် စကားပြောသံ တိုးတိုး လေး ကြားလိုက်ရသည်မို့ မျက်လုံးများ ပွင့်လာသည်
စကားသံကြားလိုက်ရသည့် နေရာ သို့ အကြည့်တို့ ရောက်ရှိသွားသည်
ဆရာဝန် တွေ နဲ့ မမမြူ စကားတွေ ပြောနေကြတာ ပဲ
လေးလံနေတဲ့ ခန္ဓာကိုယ် ကို အားယူ ထ ကာ ထိုနေရာ နားသို့ ထ သွား လိုက်သည်
" ခေါင်းထိထားတာ မို့ မှတ်ဉာဏ် ပိုင်း ဆိုင်ရာ ကို တော့ လူနာ နိုးလာမှ အတည်ပြုလို့ရမှာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်း နေရာတွေ တော့ ကြီးကြီးမားမားထိခိုက်တာမျိုးတော့မရှိပါဘူး ပွန်းပဲ့ဒဏ်ရာတွေတော့ မကြာခင် အနာကျတ် သွားမှာပါ''
" ဟုတ်ကဲ့ ကျေးဇူးပါ ဆရာရယ် ကျမ သူငယ်ချင်း ကို အပ်ပါတယ်နော် ''
" စိတ်ချပါခင်ဗျာ ကျွန်တော်တို့ အကောင်းဆုံးကုသပေးမှာပါ ''
YOU ARE READING
It's You
Romanceကျမ က သူနဲ့ မတွေ့ခင်ထိ ပုံမှန် မိန်းခလေး တစ်ယောက်အနေနဲ့ ဘဝ ကို ဖြတ်သန်းနေခဲ့တာပါ အရာရာ ဟာ သဘာဝ အတိုင်း ဖြစ်တည်ခဲ့ပေမယ့် သူ နဲ့တွေ့ပြီး နောက်ပိုင်း ကျမ ဘဝ ကြီး ဟာ မထင်ထားခဲ့တာတွေ ဖြစ်လာပါတော့တယ် ဒါပေမယ့် ကျ မပျော်တယ် ကျေနပ်တယ် ဟင့်အင်းထူးဆန်းတယ်လို့...