ပြည့်တန်ဆာ အပိုင်း(1)

4.3K 61 2
                                    

နှစ်နိုင်ငံခြား နယ်စပ်တခုရှိသစ်တောအုပ်ထဲတွင် ကောင်လေးတယောက်သည် ပြေးနိုင်သမျှအမြန်ပြေးနေလေသည်။ ထိုသူမှာ'' နှောင်းအလက်ာ ''ပင်​​ဖြစ်သည် အနောက်မှလိုက်လာသော လူများ၏အသံမှာလည်း တောထဲတွင်ပျံ့နှံ့လျှက်

"ဟေ့ကောင်တွေ မင်းတို့တွေမြန်မြန်လိုက်ကြစမ်း ဒီကောင်လေးတယောက်တောင်မင်းတို့မီအောင်မဖမ်းနိုင်ကြဘူးလား တောက်''

သူတို့အဖွဲ့ထဲမှခေါင်းဆောင်ဟုထင်ရသောလူတယောက်သည် သူ့လူများအားပြောလည်းပြော တောက်လည်းခေါက်ကာ ရှေ့မှပြေးနေသောကောင်လေးနောက်သို့ သည်းကြီးမည်းကြီးလိုက်နေလေသည်

ကောင်ငယ်လေးတယောက်အား လူခြောက်ယောက်လောက်ဝိုင်းလိုက်နေသည်မှာ သားကောင်အား ကျားရဲများလိုက်နေသည့်ပုံနှယ်
မကြာမီမှာပင် ရှေ့မှပြေးနေသောကောင်လေးအားမိသွားလေသည်

''တောက် မင်းကများပြေးချင်နေသေးတယ်ဟုလား ကဲကွာ''

''ခွပ် ခွပ်''

ထိုလူသည်ပြောလည်းပြောကောင်လေးမျက်နှာအား နှစ်ချက်ဆင့်ထိုးလိုက်သည်

ထိုအခါကောင်လေးက နှုတ်ခမ်းထောင့်စွန်းမှထွက်ကျလာသောသွေးစများကိုသုတ်လျှက်

''ခများတို့မှာ ကိုယ်ချင်းစာစိတ်မရှိဘူးလား ဟမ် ကျနော့်နေရာမှာ ခများတို့ နှမတေဆိုဘယ်လိုနေမလဲ''

''ဟာကွာ ဒီကောင်တော်တော်စောက်စကားများတာပဲ ဟေ့ကောင်တေ သူ့ကိုပြန်ခေါ်သွားစမ်း''

''ဟုကဲ့''

ထိုလူ၏စကားအဆုံးမှာပင် သူ့အားကျန်တဲ့တပည့်နှစ်ယောက်ကဆွဲခေါ်သွားကြလေသည်

သူတို့အဖွဲ့မှာလူအယောက်40လောက်ရှိလေသည် ထိုသူတို့သည် လူကုန်ကူးအဖွဲ့မှဖြစ်ကြလေသည် သူတို့သည် ငွေကြေးအဆင်မပြေသည့် ရွာများသို့သွားကာ အလုပ်ရမည် ၊လစာလဲကောင်းသည် ဟုဆိုကာ မက်မောလောက်သည့်ငွေပမာဏများနှင့်သွေးဆောင်ဖြားယောင်းကာ ခေါ်ဆောင်လာခြင်းဖြစ်သည် ငွေကြေးအဆင်မပြေကြသည့်အတွက်ကြောင့် မိဘများအားဆင်းရဲစွာမထားချင်ကြ၍ အလုပ်လုပ်ရန်လိုက်လာကာ နယ်စပ်ရောက်မှ မိမိတို့အားရောင်းစားမည်မှန်းသိကြရလေသည် သူတို့သည် မိန်းကလေးများသာမက ယောကျာ်းလေးများကို ပါရောင်းစာကြလေသည် သူတို့ဘဝကောင်းစားရေးအတွက် သူတပါးဘဝများကိုချနင်းကြသည် ထို့ကြောင့် ''နှောင်း'' လည်းလစ်သည့်အချိန်တွင်ထွက်ပြေးရာ ယခုလို ပြန်ဖမ်းမိလာခြင်းဖြစ်လေသည် နှောင်း တို့အဖွဲ့ထဲတွင် မိန်းကလေး 15ယောက်နှင့် ယောကျာ်းလေး 3ယောက်ပါလေသည် ထိုကြောင့်လည်းထိုသူတို့အား ပြန်မလုပ်ပဲငြိမ်နေခြင်းပင် ကျန်ယောကျာ်းလေး2ယောက်မှာလည်း ပြန်ခုခံနိုင်မည့်ပုံမပေါ်

ပြည့်တန်ဆာDonde viven las historias. Descúbrelo ahora