အပိုင်း(4)

1.5K 32 3
                                    

အလင်းရောင်တို့ထိန်ထိန်ကျဲလျှက်ရှိသော ဧည့်ခန်းထဲရှိ ထိပ်ဆုံးမှအနီရောင်ဆိုဖာ ပေါ်တွင် ခြေချိတ်လျှက်ထိုင်နေပြီး တပည့်များအား မီးဝင်းဝင်းတောက်သောမျက်လုံးများဖြင့်ကြည့်နေသည် မှာ အရည်ပျော်သွားမတတ်ပင် သွယ်တန်းနေသောမျက်ခုံး ဖြောင့်စင်းသောနှာတံ တိရိသေသပ်သောနှုတ်ခမ်း ထိုကဲ့သို့ ပြီးပြည့်စုံသောချောမောမှုနှင့် ယခုလိုအမူရာမျိူးကမှ သူ့အားပို၍ပင် စွဲဆောင်မှုရှိစေသယောင်ယောင် အနားရှိတပည့်များမှာလည်း ယောင်လို့ပင်မကြည့်ရဲကြပေ ဧည့်ခန်းထဲ၌လည်း အပ်ကျသံဟူ၍ပင်မကြားရလောက်အောင်တိတ်ဆိတ်လွန်းနေသည် တိတ်ဆိတ်ခြင်းသည် မကောင်းသောအရာများကိုသာယူဆောင်လာတတ်သည်

''ကဲ ဒီနေ့မင်းတို့တွေ ဘာလုပ်ခဲ့ကြလည်းဆိုတာ ငါပြောပြဖို့တော့ မလိုဘူးထင်တယ်''

တိတ်ဆိတ်သော အခန်း၏ အရာရာကို ဖြိူခွင်းလိုက်သူ၏ အသံမှာ ကျယ်သလောက် ကျန်လူများဆီမှ ဘာသံမှထွက်မလာပေ

''......''

''အိပ်ပျော်နေတဲ့လူက ပိုနှိုးရခက်တယ်ဆိုတာ တကယ်ကြီးပဲ အဟက် ''

ညစ်ထေးထေးအပြူံးနှင့်အတူ လူယုံတော်ဆီမှ လက်ပ်တော့ ကိုယူလိုက်ကာ

''ကဲ တယောက်မှ ဘာသံမှထွက်မလာဘူးဆိုတော့ ဒီကိစ္စက တရားခံမရှိဘူးပေါ့ တောက် ''

ကျယ်လောင်သောတောက်ခေါက်သံကြောင့် အပြစ်လုပ်သူတချိူ့ တုန်သွားကြလေသည်
ထိုအချင်းအရာကို မြင်လိုက်သော သူက ကျေနပ်အပြူံးများဖြင့်

''ငါ မင်းတို့ကို ကိုယ် တိုင်ပြောဖို့အခွင့်ရေးပေးရဲ့ သားနဲ့ မပြောတာတော့မင်းတို့ ထိုက်နဲ့မင်းတို့ကံပဲ ငါမသိလို့မေးနေတယ်များထင်နေလား ဟမ်''

ညနေက ပစ္စည်းပို့သည့်ကိစ္စ တွင် အတွင်းလူတချို့ကြောင့် ရဲများသတင်းရကာ လမ်းတွင်ပိတ်ဖမ်းစီးသောကြောင့် ထိုပစ္စည်းကားနှင့်ပါသွားသူအနည်းငယ် ဒဏ်ရာရသွားကြကာ ပစ္စည်းများအားသိမ်းဆည်းခံလိုက်ရခြင်းပင် သို့သော် ပို့ပေးရမည့် တဖက်အဖွဲ့နှင့် လက်တွဲသည်မှာသိပ်မကြာသေးသဖြင့် ပါသွားသည့်ပစ္စည့်းမှာအနည်းငယ်သာဖြစ်သည် ထိုကြောင့် ကြီးကြီးမားမားဆုံးရှူံးမှုမရှိပေ

ပြည့်တန်ဆာWhere stories live. Discover now