အပိုင်း (9)

1.7K 50 10
                                    

နောက်တော့မကျပါဘူးနော် 😁😁 ထင်တာပဲ

နှောင်း ခုရက်ပိုင်းအတွင်းပျော်ရွှင်နေသည်မှာ ဘေးလူများကပင်သထိထားမိနေကြသည်။ သူကိုယ်တိုင်ကတော့ ဘေးလူများကိုသတိမထားမိ ယခုလည်း အခန်းထဲတွင်သူတစ်ယောက်ထဲထိုင်နေရင်း အတွေးနယ်ချဲ့နေလေသည်

''အကို ဘာတွေ ဒီလောက်တောင်တွေးနေတာလဲ မျက်နှာကလည်း ပြုံးလို့''

သုတ ကပြောလိုက်တော့မှ နှောင်း သူ့ကိုယ်သူပြုံးနေမှန်းသတိထားမိကာ ရှက်သွေးဖြာသွားလေသည်။ အား ငါဒီလောက်တောင်လား

''အော် ဟို..ဟို ဘာမှမတွေးပါဘူး''

''ဟုလို့လား အကိုပြုံးနေတာ ကျနော်သေချာမြင်လိုက်တာပါ ဟဲဟဲ''

နှောင်း ထိုကောင်လေးအား အစစအရာရာ မိမိကိစ္စ များကိုဖွင့်ပြောကာတိုင်ပင်တတ်သည်။ သို့သော် ယခုကိစ္စကို သူပြောသင့်လား မပြောသင့်လား ဆိုတာသူကိုယ်တိုင်တောင်မဆုံးဖြတ်တတ်တော့

''အင်း အကိုပြုံးမိနေတယ်ဆိုလဲ ဝန်ခံပါတယ် ဒါပေမဲ့ အကိုပြောစရာတခုရှိတယ်''

''အင်းပြောလေအကို''

သုတ ကနှောင်း စကားကနောက်ကထောက်ပေးရင်းပြောမည့်အကြောင်းအရာကို စိတ်ဝင်တစားနားထောင််ရန်ပြင်နေလေပြီ။ ခေါင်းအုံးလေအားဆွဲယူကာ ပေါင်ပေါ်တင်လိုက်ပြီး နှောင်းပြောမည့်အကြောင်းအရာကို နားစွင့်နေသည်။

''ဒီလို အကိုခု အကို့ထက်အသက်ကြီးတဲ့လူတစ်ယောက် နဲ့ခင်နေတယ်''

''ဟာ ဟုလှချည်လားအကိုတောင် သူငယ်ချင်းတွေ ဘာတွေရနေပြီပဲ''

''သူ့ဘက်က တွေးရင် သူငယ်ချင်းဆိုပေမဲ့ အကိုကတော့သူ့ကိုမြင်မြင်ချင်း ချစ်မိသွားတယ်လို့ ခံစားရတယ်''

ထိုအခါ သုတ ၏မျက်လုံးလေးများမှာဝိုင်းစက်သွားကာ နှောင်း အားအသေအချာစိုက်ကြည့်လိုက်ပြီး

''သူကရော အကို့အပေါ်ဘယ်လိုသဘောထားလဲ''

ထိုမေးခွန်းမှာ သူ့အားအကျပ်ရိုက်စေသောမေးခွန်းမျိုးပင် အကိုကရော ကျနော့်အပေါ်မှာဘယ်လိုသဘောထားလဲ ကျနော်သိချင်လိုက်တာ ညီအကိုလိုလား သူငယ်ချင်းလိုလား အကို့ဘက်ကတော့ဖြူစင်လောက်ပါတယ် ကျနော်ကသာအရောင်ဆိုးချင်နေတာ အကို့လိုပြီးပြည့်စုံတဲ့သူတစ်ယောက်က ကျနော့်လို လူတကာနဲ့ဆက်ဆံနေတဲ့သူကို ချစ်နိုင်ဖို့ဆိုတာဝေးသေး

You've reached the end of published parts.

⏰ Last updated: Jun 16, 2022 ⏰

Add this story to your Library to get notified about new parts!

ပြည့်တန်ဆာWhere stories live. Discover now