Unicode :
ဒီနေ့အပြင်မှာမိုးတွေအုပ်နေတယ်
"ဒီလိုအချိန်မျိုးကကော်ဖီဆိုင်ထိုင်ဖို့အကောင်းဆုံးပဲမဟုတ်လား"
တိမ်လွှာကအပေါင်းအသင်းနည်းတော့တစ်ယောက်တည်းပဲကော်ဖီဆိုင်ကိုထွက်လာခဲ့တယ်...
ဒီတစ်ခါတော့ပိုက်ဆံအိတ်မမေ့အောင်သေချာထည့်ခဲ့တယ်
"တိမ်လွှာတော်တယ်မလား ဟဲဟဲ"
(AN:တော်တာပေါ့ တော်တာပေါ့😑)ထုံးစံအတိုင်းကိတ်ရယ်ကော်ဖီရယ်မှာပြီးထောင့်ဆုံးဝိုင်းလေးမှာပဲတိမ်လွှာထိုင်လိုက်တယ်...
ပြီးတော့နားကြပ်လေးတပ်ပြီး ဦးလေး ခင်မောင်တိုးဆိုထားတဲ့ ဝတ်မှုန် ဆိုတဲ့သီချင်းလေးကိုနားထောင်နေလိုက်တယ်...
ဘာရယ်ကြောင့်မှန်းမသိကိုယ်ကခေတ်ပေါ်သီချင်းတွေထက်ဒီလိုသီချင်းဟောင်းတွေကိုပိုသဘောကျတာရယ်...
အပြင်ကိုငေးလိုက်ကိတ်လေးစားလိုက်လုပ်နေရင်း
အိမ်ကမားမားကphဆက်လာတယ်...
"အငယ်မရေအိမ်ကိုလာခဲ့ မားမားတို့အပြင်သွားစရာရှိလို့"
အဲ့တာနဲ့ကိုယ်လဲ "ဟုတ်မားမား လာခဲ့မယ်"ဆိုပြီးကော်ဖီဆိုင်ကထအထွက်
မိုးတွေကသည်းကြီးမဲကြီးကိုရွာချလာပါရော
"အဲ့မှာတစ်ကယ်ငိုချင်သွားပြီတိမ်လွှာကပိုက်ဆံအိတ်ပဲသေချာထည့်ခဲ့တာထီးပါမလာဘူး"
(AN:အရမ်းတော်တဲ့ကလေးလေးလေ🥲)"တိမ်လွှာကမိုးရေနည်းနည်းမိတာနဲ့ဖျားတတ်တာ ဒုက္ခပါပဲ"
"စိတ်ညစ်လိုက်တာ မားမားကတော့ငါ့ကိုသေချာပေါက်ဆူတော့မှာပဲလို့ စိတ်ထဲကနေငြီးငြူလိုက်တယ်"
"မားမားကိုphဆက်ပြီးထီးတောင်းချင်ပေမဲ့ph billကမရှိပြန်ဘူး"
" မိုးအစိုခံပြီးသွားရင်လဲမားမားကသေချာပေါက်ဆူဦးမယ်"
"တိမ်လွှာဆိုတဲ့ငါဆိုသည်မှာလဲ တစ်ခုမဟုတ်တစ်ခုမေ့လိုက်ရမှနေတာထိုင်သာရှိသလားအောက်မေ့ရတယ်လို့ငြီးငြူလိုက်ပြီး"
YOU ARE READING
ကိုယ့်ရဲ့ချာတိတ်...🧡
Romanceအချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡