Unicode :
"တိမ်လွှာ့ကိုအချိန်လေးပေးနိုင်မလားဟင်…"
"သေချာပေါက်ပေးနိုင်တာပေါ့ ချာတိတ်ရာကိုယ်မလောပါဘူး…ချာတိတ်အဆင်အသင့်ဖြစ်တဲ့အချိန်ထိကိုယ်စောင့်နေပေးပါ့မယ်"
"ကျေးဇူးပါနော် မမ "
"ရပါတယ်ဗျာ တစ်ခုပဲကိုယ်တောင်းဆိုပါရစေ"
"ဟုတ် ဘာတောင်းဆိုချင်တာလဲ မမမေ"
"ချာတိတ်ကိုယ့်ကိုသဘောမကျဘူးဆို အခုထဲကငြင်းပေးပါ ကိုယ်ကအဝေးကနေပဲ ငေးကြည့်နေရလဲအဆင်ပြေတာမလို့ ကိုယ့်ကြောင့်နဲ့ချာတိတ်အနှောက်အယှက်ဖြစ်နေရမှာဆိုးလို့ ပြီးတော့ကိုယ့်ကိုအားနာနေမှာဆိုးလို့…"
ဟုတ်…အမှန်အတိုင်းပြောရရင် တိမ်လွှာကိုယ့်စိတ်ကိုကိုယ်ပြန်စမ်းစစ်ချင်လို့ပါ။ ပြီးတော့သူများတွေပြောသလို "ငယ်သေးတော့စိတ်ကစားနေတာပါ ဒီအရွယ်လေးေတွကသစ်ရွက်လှုပ်ရင်တောင်ရင်ခုန်တတ်တဲ့အရွယ်မို့ပါ"ဆိုပြီးပြောနေတာတွေကိုသူတို့ပြောတာကတကယ်အမှန်ပဲလားဆိုတာသိချင်လို့ပါ။
"ဟုတ်ပါပြီဗျာ ချာတိတ်ဘက်ကကိုယ့်ကိုသဘောကျလာတဲ့အချိန်ထိကိုယ်စောင့်နေပါ့မယ်။"
ဟုတ် မမမေ ပြီးတော့တိမ်လွှာပြောချင်တာရှိသေးတယ်။
အင်းပြောလေ ချာတိတ်…
"တိမ်လွှာ့ကိုမစောင့်နိုင်ရင်လဲရပါတယ်နော် တိမ်လွှာ့ကိုစောင့်နေပေးပါလို့မတောင်းဆိုပါဘူး…"
"အင်းပါ ကိုယ်နားလည်ပါတယ်"
"ပြောထွက်လိုက်တာချာတိတ်ရယ်။ကိုယ်ကဘာလို့မစောင့်နိုင်ရမှာလဲ။ဘဝမှာပထမဦးဆုံးသောချစ်မိခဲ့တဲ့ကလေးမလေးကိုကိုယ်ကမစောင့့်နိုင်ပဲနေနိုင်ပါ့မလားကွာ။"
"မမသာတိမ်လွှာ့ကိုတကယ်ချစ်ရင်သေချာပေါက်စောင့်နေပေးမှာပါ တိမ်လွှာယုံကြည်တယ်။တကယ်မချစ်ရင်တော့…"
နှစ်ယောက်လုံးအတွေးကိုယ်စီနဲ့တိတ်ဆိတ်လို့…
"မမမေ"
"ဗျာ"
"တိမ်လွှာလေ နောက်တစ်ပတ်ကြရင်ကိုကိုနဲ့တရုတ်ကိုလိုက်သွားမို့ပြီးတော့ အဲ့ကကိုကို့ကုမ္ပဏီမှာအလုပ်လုပ်မှာရယ်…"
YOU ARE READING
ကိုယ့်ရဲ့ချာတိတ်...🧡
Romanceအချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡