Part 14

707 49 10
                                    

Unicode :

အချိန်အားဖြင့်7နှစ်တောင်ရှိသွားခဲ့ပြီ…

အခုဆိုတိမ်လွှာလဲတိမ်လွှာ့ရဲ့ရည်မှန်းချက်အတိုင်းတရုတ်မှာအခြေချနိုင်ခံပြီ။ဒီအချိန်7နှစ်မှာကိုယ်ပြိုလဲခဲ့တာလဲအခါခါပါပဲ…ဒါပေမဲ့လဲကိုယ်ဇွဲမလျော့ခဲ့ပါဘူး အမြဲတမ်းမျှော်လင့်နေခဲ့ရတဲ့အရာမို့လို့လေ…

"အချိန်တွေကကုန်တာမြန်ပေမဲ့ရင်ထဲကလွမ်းဆွတ်ခြင်းတွေကတော့တနစ်တပိုးကြီးနဲ့ သူများဦးသွားမှာကိုရင်တထိတ်ထိတ်နဲ့ ဟူးး မလွယ်လိုက်တာ…"

ဒီအချိန် 7နှစ်မှာကိုယ်ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကိုယ်သာအသိဆုံးပါ။ ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလဲကိုယ်ကောင်းကောင်းနားလည်သွားပြီ။

ကိုယ့်ရဲ့ရည်မှန်းချက်လေးတစ်ခု‌ကတော့ပြည့်သွားပြီ နောက်ထပ်လုပ်ချင်တဲ့အရာလေးကရောဖြစ်နိုင်ပါ့မလား။ဒီတစ်ခါလဲကိုယ်ဇွဲမလျော့ပဲကြိုးစားမှာပါ…

ဒီ7နှစ်လုံးမှာကိုယ်မမမေနဲ့စကားတော့အမြဲလိုလိုပြောဖြစ်တယ်…ပြောဖြစ်တိုင်းလဲမမမေကတခြားကိစ္စတွေမတွေးပဲအလုပ်ကိုပဲအာရုံထားဖို့အမြဲမှာသလို ကျန်းမာရေးဂရုစိုက်ဖို့နဲ့စောစောအိပ်ဖို့အမြဲမှာတတ်တယ်။

တစ်ခါတစ်လေကိုယ်ပြိုလဲနေတဲ့အခါမှာလဲအားပေးစကားပြောတတ်ပါသေးတယ် ။

"ကိုယ့်ရဲ့ချာတိတ်ကတော်လိုက်တာကွာလို့လဲအမြဲချီးကျူးတတ်ပါသေးတယ်။"

ပိုင်ဆိုးပိုင်နင်းနဲ့ပြောရတာကိုကမမမေရဲ့အကျင့်လိုကိုဖြစ်နေတာနေမှာ…အခုဆိုကိုယ့်မှာမမမေရဲ့အိပ်တော့လေချာတိတ်ဆိုတဲ့အသံလေးမကြားရရင်အိပ်မပျော်တော့ဘူး မမမေကကိုယ့်အပေါ်ကိုအဲ့လောက်တောင်လွှမ်းမိုးနိုင်တာ

"ချာတိတ်ဆိုတဲ့ကလေးကတကယ်ကိုတော်ပြီး‌တကယ်ကိုဇွဲကောင်းလွန်းတယ်။ တစ်ခါတစ်လေအလုပ်တွေအလွန်အကျွံလုပ်တတ်လွန်းလို့စကားပြောဖြစ်တဲ့အခါတိုင်းဆူရသေးတယ်။ပြီးတော့ညဘက်တွေစော‌ေစာမအိပ်တာကိုလဲဆူရသေးတယ်။"

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now