part(29)

2K 124 6
                                    

အပိုင်း(၂၉)
ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာဦး ဆွမ်းကပ်တဲ့ နေ့လေးပါ။
ကျွန်တော်ရော ဦးလေးကြီးရော တိုက်ပုံအင်္ကျီ ရွှေဖလားရောင် ဆင်တူ ဝတ်ထားကြတယ်။
ကျွန်တော်က အသားအရောင် ဝါဝါဝင်းဝင်းနဲ့ မို့ ရွှေဖလားရောင်နဲ့ လိုက်ဖက်ပေမယ့် အသားညိုတဲ့ဘက်ကို သွားတဲ့ ဦးလေးကြီး ကရော ရွှေဖလားရောင်နဲ့ဘာလို့ ကြည့်ကောင်းနေတာပါလိမ့်။

ပြီးတော့ စိုးမီမီက‌မွေးတဲ့ ဦးလေးကြီးရဲ့ တူလေးကလည်း ကျွန်တော်တို့လို ရွှေဖလားရောင် တိုက်ပုံအင်္ကျီလေး ဝတ်လို့ ကျွန်တော်တို့လိုပဲ ရွှေဖလားရောင်အကွက်ပါတဲ့ ပိုးပုဆိုး ကိုပါ ဝတ်ဆင်ထားပါတယ်။

"ဟာ မောင်မင်းရောင်ခန့် တို့ အိမ်ရှင် အိမ်ငှားကတော့ လိုက်လည်း လိုက်ဖက်ပါတယ်။အိမ်ရှင် အိမ်ငှား ဒီလို တည့်တာ ရှားတယ်ကွဲ့"

"ဟုတ်ကဲ့ ဦးလေး
အိမ်ငှား တဲ့ ကောင်လေးကလည်း
နားအေး တဲ့ ကောင်လေးဆိုတော့
မတည့်စရာ မရှိပါဘူးဗျ။
ဟင်းတွေ ထည့်စားနော် ဦးလေး"

ရပ်ကွက် ဘုန်းတော်ကြီးကျောင်းက ဆရာတော်ဘုရားများ မနက်အာရုဏ် ဆွမ်း ဘုန်းပေးပြီး အန္တရာယ်ကင်း ပရိတ်တရားများ ဟောကြားကာ ပြန်ကြွသွားကြလေပြီ။

အိမ်နီးနားချင်းတွေ၊တစ်လမ်းတည်းက လူတွေ တစ်ဖွဲဖွဲရောက်လာကြသည်။

"တူလေးတောင် လူပျိုဖြစ်တော့မယ် မောင်မင်းရောင်ခန့်ရေ။
ခုထိ လူပျိုကြီး လုပ်တုန်းလား"?

"အာ ဟုတ်တယ် အန်တီ။
အဲဒီလိုပဲ ဖြစ်သွားတယ် ဗျ ။ဟဲဟဲဟဲ"

"အို ဘယ်ဟုတ်ပါ့မလဲ မောင်မင်းရောင်ခန့်ရဲ့။လူပျိုကြီး ဆိုပေမယ့် အသက်ကလည်း အဲဒီလောက်ကြီး ကြီးသေးတာမှ မဟုတ်တာ အိမ်ထောင်ပြုလိုက်။
ပြီးရင် သားသမီးတွေမွေး။
ပျော်ပျော်ရွှင်ရွှင် နေသွား"

"အာ တော်ပါပြီ အန်တီရယ်၊အပူ မရှာချင်တော့ပါဘူး"

"အန်တီ တူမကို မှတ်မိလား?
မင်းနဲ့ ငယ်ငယ်တုန်းက ကစားဖော် ကစားဖက်လေ။
အခု သူလည်း ဒီကို အလည်ပြန်လာတာ။
ဂျပန်မှာ အလုပ်လုပ်နေတာလေ။
အိမ်လည်လာခဲ့ဦး"

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now