part (32) complete

3.3K 146 6
                                    

ဒီနေ့တော့ ဘုန်းဇေယျာတို့ မြို့လေးကနေ ကျွန်တော်နှင့် ဘုန်းဇေယျာ တို့ ပြန်လာကြပါပြီ။
ကျွန်တော်တို့ကို ကားကြီးဝန်းအထိ ဦးစည်သူနှင့် ဘုန်းဇေယျာ၏ အမေတို့က လိုက်ပို့သည်။
ဦးစည်သူက တော်သည့် ဆရာဝန်ကြီး တစ်ယောက် ဖြစ်သည်နှင့် အညီ ကိုယ်ပိုင်ကား လည်း ရှိသည်။

ခုလည်း သူ့ရဲ့ ကိုယ်ပိုင်ကားလေးနဲ့ပဲ ကျွန်တော်နှင့်ဘုန်းဇေယျာကို ကားကြီးဝန်းအထိ လိုက်ပို့ကြတာ ဖြစ်သည်။

"သားလည်း ဟိုဆိုင်ကနေ ခွင့်ယူလာတာမို့လို့ အကြာကြီး နေလို့ မရလို့ပါ မေမေ"

ဘုန်းဇေယျာက ကားနောက်ခန်းထဲ၌ သူ့အမေ နှင့် အတူတူ ထိုင်ကာ ချွဲနေလေသည်။

ဦးစည်သူကတော့ ဘာမှ မပြောဘဲနှင့် ရယ်နေလေသည်။
ကျွန်တော်ကတော့ ဦးစည်သူကို ကြည့်ကာ သဘောကျနေမိသည်။
စိတ်အေး၊လက်အေး နေတတ်လှသော လူကြီး တစ်ယောက်ပင် ဖြစ်သည်ဟုလည်း မှတ်ချက်ချမိသည်။

စိတ်အေး၊လက်အေးဟု ဆိုရာ၌ ဘာကိုမှ တာဝန်မယူ၊မကြိုးစားတာကို ဆိုလိုသည်မဟုတ်။
ကြိုးစားအားထုတ်မှုလည်း ရှိသည်။
တာဝန်ယူမှု၊တာဝန်ခံမှုလည်း ရှိသည်။
သို့သော် လောင်လောင်မြိုက်မြိုက်လည်း မဟုတ်၊မဏ္ဍပ်တိုင်တွေလည်း မတက်ပြပဲ အိန္ဒြေရသည်ကို မြင်တွေ့နေရ၍ ဖြစ်သည်။

"ဟုတ်ပါပြီ သားရယ်။
နောင်တစ်ချိန်ကျ အမေတို့ဆီ ပြောင်းလာခဲ့ပေါ့။
ဒီမှာလည်း ပန်းတွေ၊ပျိုးပင်တွေ ရောင်းလို့ရသလို၊စားသောက်ဆိုင်လည်း ဖွင့်လို့ ရပါတယ် သားရဲ့"

"အင်း
နောင်တစ်ချိန်တော့ ဒီကို ပြန်လာရမှာပဲ။
သားရဲ့ အမေက ဒီမြို့မှာ ရှိနေတာကိုး"

ကားနောက်ခန်း၌ ဘုန်းဇေယျာတို့ သားအမိ နှစ်ယောက် က တစ်တွတ်တွတ်နှင့် အပြန်အလှန်ချွဲနေကြပေမယ့် ကားရှေ့ခန်းမှာတော့ ကျွန်တော်နှင့် ဒေါက်တာဦးစည်သူတို့က ပြုံးပြုံး၊ပြုံးပြုံး ဖြင့် နှုတ်ဆိတ်နေမိကြလေသည်။

ကျွန်တော်က ကျွန်တော် ချစ်ရသည့် လူသားလေး ဘုန်းဇေယျာ က သူချစ်ရသည့် သူ့အမေနှင့် ပြုံးပျော်ကာ စကားစမြည် ပြောနေတာကို နားထောင်ကာ ကြည်နူးပြီး ပြုံးနေမိတာ ဆိုပေမယ့်
ဒေါက်တာ ဦးစည်သူကရော၊
အင်း သူလည်း ကျွန်တော့်လိုပဲ ဖြစ်လိမ့်မည်ဟု ထင်မိသည်။

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော်နှင့် အိမ်ပိုင်ရှင်ဦးလေးကြီးWhere stories live. Discover now