Ch-1 The Bloody Apartment

63 8 0
                                    

Arc 1 - ‌The Pink Apartment (1)
Unicode
Scroll down for Zawgi

ညသန်းခေါင်ကြီးမှာ ရှန်းယွီနိုးလာခဲ့သည်။

အိပ်စက်နေရာမှာ လက်တစ်စုံကြောင့် လန့်နိုးလာရခြင်းပင်။

သူ့လည်ချောင်းမှာ မထင်မှတ်ဘဲ ပေါ်လာတဲ့ လက်တွေက  အဆီတွေနဲ့ အေးစက်နေကာ ကလေးရဲ့ လက်ဖဝါး အရွယ်လောက်ရှိပြီး အရွယ်ရောက်ပြီးသူတွေထက် ပိုသန်မာနေသည်။

ရုတ်တရက် တိုက်ခိုက်ခံရခြင်းကြောင့် ရှန်းယွီ၏ မျက်လုံးများသည် ပြင်းစွာအားစိုက်ထုတ်မိပြီး  ပြူးကျယ်လာကာ အသက်ရှုရခက်သွား‌၍ အမြင်အာရုံများ မှုန်ဝါးလာသည်ကို ခံစားလိုက်ရသည်။  နီမြန်းသော အရာများကို  မှင်သက်စွာ အစုလိုက်အပြုံလိုက် မြင်လိုက်ရပြီး ထိုအရာများမှာ သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြသည်။

အနီတောက်တောက် ရက်စက်ကြမ်းကြုတ်သော သွေးရောင်လက်မောင်းတစ်စုံက ဆန့်ထွက်ကာ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း မကြာခင်မှာ လည်ချောင်းကို ထိုးဖောက်မတတ် မုန်းတီးနေသကဲ့သို့ပင်။

ရှန်းယွီက ထလိုက်ပြီး ထိုလက်မောင်းများအား ဆွဲဖယ်သော်လည်း အနှီလက်များမှာ ချောကျိနေကာ သူ၏နှာဝ၌ သွေးနံ့ပြင်းပြင်းအား ရရှိလိုက်သည်။

ကလေးတစ်ယောက်ရဲ့ စူးစူးရှရှ ရယ်မောသံက သူ့နားစည်ကို ဖောက်ထွက်မတတ် ထွက်ပေါ်လာသည်။

“ဇာတ်လမ်းစပါပြီ”

ရုတ်တရက် ဖျတ်ခနဲ အသံအပြင် စာမျက်နှာများ လှန်လိုက်သံ၊ ဆိုးသွမ်းသော ရယ်မောသံများအား  ရှန်းယွီ သတိထားမိသွားသည်။

အသံကြားရာဘက်ဆီ လှည့်ကြည့်လိုက်တော့ စာအုပ်အထူကြီးကို ထိမိသွားသည်။ စာအုပ်ကို လေးလံပြီး အေးစက်နေသည့်အခွံနှင့် ဖုန်းအုပ်ထားပြီး ထိုစာအုပ်မှာ အလေးချိန်စီးလှသည်။

ဒီစာအုပ် ဘယ်လိုပေါ်လာလဲဆိုတာကို သူ မတွေးခင်မှာပဲ ရှန်းယွီက အလိုလို ထိုစာအုပ်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိလိုက်ပြီး မာန်ကိုတင်းရင်း  သူ့ရှေ့က နီမြန်းတဲ့ ဘီလူးလို မကောင်းဆိုးဝါးကို ထုလိုက်သည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now