Ch-8

28 7 0
                                    

Unicode
Arc - 1 The Bloody Apartment (8)

"ခွေးမသား!"

သူတို့နှစ်ယောက်၏ အထက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

ဓာတ်လှေကားထဲရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမမြင်ရသေးမီတွင် ထိတ်လန့်နေသော ရှုကျောက်ကျောက်သည် ရင်းနှီးသောအသံကိုကြားပြီးနောက် ဝမ်းသာအားရဖြင့် ခေါင်းကို ချက်ချင်းထောင်လိုက်သည်။

ကျဉ်းမြောင်းသောလှေကားထစ်မှ အပြေးအလွှားပြေးလာစဉ် ချူဟွား၏မျက်နှာသည် ဒေါသနှင့်ပြည့်နေပြီး၊ အချိန်နှောင်းသွားသည်ကိုတွေ့လိုက်ပြီးနောက် ဒုတိယထပ်ရှိ ကြောင်လိမ်လှေကားမှ ပြေးဆင်းသွားခဲ့သည်။
[Nikolai: ချီဟွားကို ချူဟွားလို့ ပြောင်းသုံးထားတာပါ။]

ရှုကျောက်ကျောက်၏ မျက်လုံးများရှေ့တွင် အရိပ်တစ်ခုကဖြတ်သန်းသွားပြီး ကောင်းကင်ကြီး ချာချာလည်နေသလို ခံစားရသည်။ သတိပြန်ရလာသောအခါတွင် သူမ၏တစ်ကိုယ်လုံး လဲကျသွားပြီး ကျောပြင်ဖြင့် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

ဤအရာများအားလုံးမှာ လျှပ်စီးတစ်လက်၊ မီးတစ်ပွားတောက်စာအချိန်လောက်အတွင်း ဖြစ်သွားခဲ့ခြင်းပေ။

ဓါးစာခံလုပ်ထားသည့် မျက်မှန်နှင့်အမျိုးသားသည် မတုန့်ပြန်နိုင်ခင်မှာတင် ချူဟွားထံမှ နောက်ကျောကို အကန်ခံလိုက်ရပြီး ဓါတ်လှေကားထဲသို့ ဆောင့်ကန်ခံလိုက်ရသည်။

ဓါတ်လှေကားထဲက နေရာအနှံ့ရှိ အနီရောင်တွေက ချက်ချင်း လိမ့်တက်လာပြီး သူ့ခန္ဓာကိုယ်တစ်ဝက်ကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်သွားသည်။

ဓာတ်လှေကားအတွင်း၌ နီရဲတောက်နေသောအသားများနှင့် ပြည့်နှက်နေသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အသားအပိုင်းအစများနှင့် နံရံများကို ထုလုပ်ထားပြီး ဓာတ်လှေကား၏ နေရာအားလုံးကို သိမ်းပိုက်ထားသည်။ လှုပ်ရွနေသော ကြွက်သားများသည် သက်ရှိခန္ဓာကိုယ်ပေါ်တွင် ရှိနေသကဲ့သို့ ရုတ်တရက် ကျုံ့သွားသည်။ ဓာတ်လှေကားတစ်ခုလုံးသည် ဤမကောင်းဆိုးဝါး၏အခွံနှင့်တူသည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now