Ch-2

21 5 0
                                    

Arc 1 - ‌The Pink Apartment (2)

ရှန်းယွီသည် အနောက်ပိုင်းရှိ အဆောက်အဦးထဲသို့ ၀င်ပြီးနောက်၊ ဤတိုက်ခန်းမှာ အဘယ်ကြောင့်ပန်းရောင်တိုက်ခန်းဟု အမည်တွင်တာလဲဆိုတာကို သူနားလည်သွားသည်။

အရှေ့ဘက်အဆောက်အအုံနှင့် အနောက်ဘက် အဆောက်အအုံ၏ အသွင်အပြင်မှာ တူညီသော်လည်း အရှေ့ဘက် အဆောက်အအုံသည် မည်းမှောင်ကာ ပျက်စီးနေပြီး အနောက်ဘက် အဆောက်အအုံသည် သန့်ရှင်းသပ်ရပ်နေကာ အထူးသဖြင့် ဆေးအသစ်သုတ်ထားသည့် နံရံများသည် ပန်းနုရောင်သန်းနေသည်။ ဒဏ္ဍာရီပုံပြင်ထဲက ဇိမ်ခံစိတ်ကူးယဉ်အိမ်အတိုင်းပင်။

အနောက်အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာသူ ၁၂ ဦးကို အုပ်စုခြောက်စုခွဲကာ မတူညီသော အထပ်များရှိအခန်းများတွင် နေထိုင်ကြသည်။

အခန်းအမှတ် ၄၀၄ တွင် ရှန်းယွီစားပွဲပေါ်ထိုင်နေချိန် ခြေတိုတိုလေးနှစ်ချောင်းကို လှုပ်ခါကာ ပျင်းသည့်ပုံစံဖြင့် ကုတင်ပေါ်၌ ကလေးလေးက ထိုင်‌နေခဲ့သည်။ ရှန်းယွီ၏ နောက်ကျောကို စိုက်ကြည့်ကာ စူးစူးဝါးဝါးအသံဖြင့် မေးလိုက်သည်– “ခင်ဗျားဘာလုပ်နေတာလဲ?”

ယခုချိန်ထိ ရှန်းယွီသည် သွေးစွန်းနေသော အဝတ်အစားများကို မလဲရသေးပေ။ သူ့ရှေ့က အနက်ရောင်စာအုပ်ကို စေ့စေ့ကြည့်ပြီး နောက်ပြန်မလှည့်ဘဲ “စာဖတ်နေတာ” ဟု ပြန်ဖြေလိုက်သည်။

စာအုပ်ရဲ့အစမှာ စာကြောင်းအနည်းငယ်သာရှိခဲ့သည်။ စကားလုံးများကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိတ်တဆိတ် ရွတ်ဖတ်နေခဲ့သည်။

"ဇာတ်လမ်းတစ်ပုဒ်ရေးတဲ့အခါ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးအရာက အချက်အလက်တွေကို ဖတ်ရှုစုဆောင်းနိုင်မှုပဲ။ အဓိပ္ပါယ်ကို စကားလုံးတစ်လုံးချင်း ခွဲခြမ်းစိတ်ဖြာပြီး အရေးကြီးတဲ့ အချက်အလက်တွေကို တိုတိုတုတ်တုတ် ကောက်နုတ်ပြီး အကျဉ်းချုပ်ဖို့ လိုတယ်။" သူသည် ကလေးကို စကားအနည်းငယ် ထပ်ထည့်‌ပြောခဲ့သည်။

ဇာတ်လမ်းစပြီးကတည်းက အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာသည်။ အခု သူက အချက်အလက်အားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး အကျဉ်းချုံးပြီး အားလုံးကို စာရင်းပြုစုရမည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Kde žijí příběhy. Začni objevovat