ကျန်းမားမားအကြောင်း

28 4 2
                                    

အရမ်းချီးကျူးလေးစားဖို့ကောင်းတဲ့မိခင်တွေထဲမှာကျန်းကျယ်ဟန့်ဆိုတဲ့ လူသားလေးကိုမွေးထုတ်ပေးခဲ့ပြီး အကြည်ဓါတ်လေးနဲ့ အဖြူရောင်လူသားလေးအဖြစ်ကြီးပြင်းစေခဲ့တဲ့ ကျန်းမားမားကတစ်ယောက်အပါအဝင်ပါပဲ။ သားဆန္ဒနဲ့ဝါသနာအတွက်အရာရာကိုပါရမီဖြည့်ပေးခဲ့တယ်။ သားလေးအောင်မြင်ချိန်မှာလက်ခုပ်တီးပေးခဲ့တယ်။ သားလေးလဲကျပြီးဒဏ်ရာရချိန်မှာဖေးမပေးခဲ့တယ်။ ကိုယ်တိုင်အကြီးအကျယ် ပြိုလဲနေချိန်မှာတောင် သားလေးအတွက် ဆက်ပြီးအသက်ရှင်ရပ်တည်ပြီးအနားမှာရှိနေပေးခဲ့တယ်။ သားအတွက်စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ Essay ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်။ သားရဲ့ကြေကွဲနေတဲ့ဖန်တွေကိုတောင်ဖျောင်းဖြပေးခဲ့သေးတယ်။ သားအတွက်တရားမျှတမှုကိုရဲရဲဝင့်ဝင့်တောင်းဆိုပေးခဲ့တယ်။

ကျန်းကျယ်ဟန့်ရဲ့ မားမားက သားဖြစ်သူရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ရန် အိပ်မက်အတွက် ပုံမှန်လစာရနေသော ရာထူးမှ နှုတ်ထွက်ခဲ့ပြီး မိသားစုအိမ်ကို ရောင်းချကာ အလုပ်ရှာဖွေရန် ရှန်ကျန်းသို့ ထွက်လာခဲ့ပါတယ်။ ရှန်ကျန်းကို ပထမဆုံးရောက်တုန်းက အရမ်းခက်ခဲခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အခန်းငယ်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ဒီနောက်ပိုင်းမှာ ကိုယ်ပိုင်အိမ်ဝယ်ပြီးဇာတိမြို့ကိုပြန်ပြောင်းလာခဲ့ပါတယ်။

ကျန်းမားမားရဲ့ ကြိုးစားမှုတွေအားလုံးဟာ သားရဲ့အိပ်မက် ဖြစ်တဲ့ သရုပ်ဆောင်လမ်းကို လျှောက်လှမ်းရာမှာ မိခင်ဖြစ်သူအနေနဲ့ ပံ့ပိုးပေးချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ မားမား က သား အပေါ်ထားတဲ့ မေတ္တာက ဘယ်လောက်ထိကြီးမားတယ်ဆိုတာမြင်နိုင်ပါတယ်။

ကျန်းမားမားက သူမ၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လတို့နဲ့ ခြေလှမ်းတလှမ်းပြီးတလှမ်း သူ့သားကို သူ့အိမ်မက်၏ထိပ်ဆုံးသို့ နီးကပ်လာစေရန် လဲလှယ်ပေးခဲ့တာပါ။ သားလေးအောင်မြင်နေချိန်မှာပီတိပြုံးနဲ့လက်ခုပ်တီးပေးခဲ့သလို သားလေးဒဏ်ရာရချိန်မှာအနီးကပ်စောင့်ရှောက်ပေးပြီး သားလေး အားငယ်နေချိန်မှာအားပေးတတ်တဲ့မားမား အနားမှာရှိနေလို့ XiaoZhe က ဒီအခက်အခဲကိုကြံ့ကြံ့ခံကျော်လွှားနိူင်မယ်လို့ ယုံကြည်ပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများजहाँ कहानियाँ रहती हैं। अभी खोजें