Unicode
မနေ့က (၁၆-၈-၂၀၂၃) မှာ ကျန်းမားမားက WeChat မှာ ဆောင်းပါးအသစ်လေးတစ်ပုဒ်တင်ထားပါတယ်။ အဲ့ဒီဆောင်းပါးလေးကို ဖတ်ကြည့်ရင် (813) ကြောင့်ဖြစ်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို သူမဘယ်လောက်အထိ ခံစားခဲ့ရတယ်ဆိုတာ သိသာနိုင်ပါတယ်။
သားဖြစ်သူအတွက် အမြဲစိုးရိမ်နေရတဲ့ မိခင်တစ်ယောက်အနေနဲ့ စာအုပ်နဲ့ ကဗျာတွေကို နှစ်သက်လွန်းတဲ့ အမျိုးသမီးတစ်ယောက်က အဲ့ဒီအချိန်ကာလမှာတော့ သူမချစ်မြတ်နိုးလှပါတယ်ဆိုတဲ့ ကဗျာတွေစာတွေကိုဖတ်ချင်စိတ်တွေတောင် ကုန်ဆုံးနေခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမက ဘဝကိုဘယ်တော့မှအရှုံးမပေးပဲ သားနဲ့အတူတူ ခရီးသစ်ကိုစတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျန်းမားမားရဲ့ ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်
Believers Lovers Travellers
Chasing Dreams Away
2023-08-16 15:27ဘဝဆိုတာ ရှည်လျားတဲ့ လမ်းခရီးတစ်ခုပါပဲ။ ကျွန်မတို့တစ်ယောက်ချင်းစီတိုင်းဟာ အမြဲတမ်းလမ်းခရီးပေါ်မှာရှိနေကြပါတယ်။ ခရီးတစ်ခုဆိုတာ မျှော်လင့်ထားပြီးသားအတွေ့အကြုံများသာမက မမျှော်မှန်းနိုင်သော အတက်အဆင်း အမျိုးမျိုးလည်းရှိနိုင်ပါတယ်။
ကျွန်မဘဝမှာအမြဲတမ်း လေ့လာသင်ယူချင်စိတ်ရှိခဲ့ပါတယ်။ ကျွန်မသားကိုလည်း ငယ်စဥ်ကတည်းက ပညာရေးနဲ့ အကျင့်စာရိတ္တကို ဂရုပြုတဲ့အပြင် လေ့လာသင်ယူတာကိုလည်း အထူးအာရုံစိုက်ခဲ့ပါတယ်။ လေ့လာသင်ယူခြင်းက ဘဝကံကြမ္မာကို ပြောင်းလဲစေမယ့် တစ်ခုတည်းသောနည်းလမ်းပါပဲ။
လေ့လာသင်ယူခြင်းဆိုတာမှာ နည်းလမ်း(၃)-မျိုး ရှိပါတယ်။ ပထမတစ်ခုကတော့ ကျောင်းတက်ပြီး ဆရာများရဲ့ သင်ကြားပေးခြင်းကို သင်ယူခြင်း နှင့် အခြေခံဗဟုသုတများကို လေ့လာခြင်းဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ စာများများဖတ်ရန်ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ ဘဝအတွေ့အကြုံနဲ့ လမ်းညွှန်သူများထံက သင်ယူခြင်းမှတဆင့် မိမိကိုယ်ကိုပြုစုပျိုးထောင်ခြင်းဖြစ်ပါတယ်။ လေ့လာသင်ယူမှုကနေ စုဆောင်းထားတဲ့ အတွေ့အကြုံတွေဟာ ဘ၀မှာ အရေးကြီးဆုံး အဖိုးတန်ရတနာတွေဖြစ်ပြီး ပစ္စည်းဥစ္စာတွေနဲ့လဲလှယ်လို့မရနိုင်ပါဘူး။
YOU ARE READING
မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများ
Fanfictionအရမ်းချီးကျူးလေးစားဖို့ကောင်းတဲ့မိခင်တွေထဲမှာကျန်းကျယ်ဟန့်ဆိုတဲ့ လူသားလေးကိုမွေးထုတ်ပေးခဲ့ပြီး အကြည်ဓါတ်လေးနဲ့ အဖြူရောင်လူသားလေးအဖြစ်ကြီးပြင်းစေခဲ့တဲ့ ကျန်းမားမားကတစ်ယောက်အပါအဝင်ပါပဲ။ သားဆန္ဒနဲ့ဝါသနာအတွက်အရာရာကိုပါရမီဖြည့်ပေးခဲ့တယ်။ သားလေးအောင်မြင်ခ...