ကိုလာလေးကိုပဲ အသနားပိုမိတယ်

2 2 3
                                    

Unicode

ကျွန်မကတော့ ကိုလာလေးကိုပဲ အသနားပိုမိတယ်

追逐远方的梦 2022-12-08 08:31

သားက ကျွန်မကို "မားမား ရှန်ဟိုင်းကို ဘယ်တော့ လာလည်မှာလဲ" လို့ မေးလိုက်တိုင်း ကျွန်မက အလုပ်ကိစ္စ တွေကြောင့် ခရီးစဉ်ကို ပြင်ဆင်ချိန်မရပဲ အချိန်ဆွဲနေခဲ့ပါတယ်။ 

တစ်ရက်တော့ သားက "မားမားက ရှန်ဟိုင်းကိုကျွန်တော့်နဲ့လာတွေ့ရင်း လုဖေးနဲ့တွေ့ရ‌အောင်
ကိုလာကိုပါ ခေါ်လာပေးပါလား လို့‌ပြောလာပါတယ်။ အင်း ဟုတ်တယ် ဒါက အကြံကောင်းတစ်ခုပါပဲ။  ဒါက ကျွန်မရှန်ဟိုင်းကိုသွားလည်ဖို့အစီအစဉ်ကို လှုံ့ဆော်ပေးခဲ့ပါတယ်။ ကိုလာ နဲ့ လုဖေးတို့ တွေ့ဆုံကြတဲ့ မြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ကျွန်မ အတော်လေး စိတ်လှုပ်ရှားမိပါတယ်။

ကိုလာကို ရှန်ဟိုင်း ခေါ်သွားချင်တယ်ဆိုရင်တော့ ကားကိုယ်တိုင်မောင်းသွားရပါမယ်။ ကိုလာက အရင်က ခရီးဝေးကားစီးဖူးပါတယ်။ ကိုလာက ကားစီးရင်း ကားပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေကို သူ့ရဲ့ လှပတဲ့ မျက်လုံးလေးတွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေတတ်ပါတယ်။ စူးစမ်းချင်စိတ်တွေ အံ့သြမှုတွေအပြည့်နဲ့ သူ့မျက်လုံးလေးတွေက ပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေကိုကြည့်ပြီး စိတ်လှုပ်ရှားနေသလိုပါပဲ။

ရှန်ကျန်းကနေ ရှန်ဟိုင်းအထိဆိုရင် ကီလိုမီတာ ၁၅၀၀ ကျော်လောက် ကွာဝေးတာကြောင့် ကျွန်မက ရှင်းယွီအိမ်မှာ ရက်အနည်းငယ်ကြာ အနားယူပြီးမှ ဆက်သွားဖို့ စီစဉ်ခဲ့ပါတယ်။

ကိုလာက ရှင်းယွီအိမ်ကို ပထမဆုံးအကြိမ်ရောက်လာတာဖြစ်ပေမယ့် အိမ်နှင့်သဘာဝအရ ရင်းနှီး‌‌တဲ့သဘောရှိပုံရပါတယ်။ ကိုလာရဲ့  နှင်းလိုဖြူစွတ်‌နေတဲ့ ခြေ‌ချောင်းလေးတွေက အိမ်ထဲသို့ဝင်သွားတာနဲ့ တပြိုင်နက် သူက ခေါင်းငုံ့ကာ အနံ့ခံလိုက်ပြီး အိမ်ထဲကို အမြီးလေးလှုပ်ပြီး ရဲရဲဝံ့ဝံ့ လျှောက်လှမ်းသွားပါတယ်။ ကိုလာ ရဲ့ တည်တည်ငြိမ်ငြိမ် အသွင်အပြင်ကိုမြင်ရတော့ ကျွန်မရဲ့ စိတ်ပူပန်မှုတွေတောင် ပြေပျောက်သွားပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now