Part-4

600 57 14
                                    

"ကားဟွန်းသံ ပွမ် ပွမ် ပွမ်!!!!!!!"

"ကြွေရုပ်ရေ တံခါးလေးသွားဖွင့်ပေးလိုက်ပါအုံး............"
"ဟုတ်ကဲ့မေချိုကြွေရုပ်သွားဖွင့်လိုက်မယ်နော်
အိမ်ရှေ့မှာကားတစ်စီးဟွန်းဆက်တိုက်တီးနေတာကြောင့်ကြွေရုပ်တံခါးထွက်ဖွင့်ပေးတော့ခြံရှေ့တွင်......."
"Land Cruiser ကားဖြူတစ်စီးရပ်ထားတာတွေ့ရသည်။"
"ကြွေရုပ်တံခါးဖွင့်ပေးလိုက်တော့ကားကခြံထဲသို့တန်းတန်းမတ်မတ်ဝင်သွားသည် ။"
"ကြွေရုပ်နောက်ကလိုက်သွားတော့ကားတံခါးဖွင့်ကာလူတစ်ယောက်ဆင်းလာသည် ။"
"ခြေထောက်မှာကတီပါဖိနပ်အပြာလေးကိုစီးကာ ဂျိတ်ထမိန်အပြာရောင်လေးကိုဝတ်ထားပြီး အကျီဇာအပြာရောင်လေးနှင့်လှပတင်တယ်စွာဝတ်ဆင်ထားပြီး ဆံပင်လေးကိုဖြန်ချထားကာ လှပသောအမျိုးသမီးတစ်ယောက်ကားပေါ်ကဆင်းလာသည်။"

        "ဘယ်သူဘယ်ဝါမသိကြွေရုပ်နောက်ကြောပဲမြင်နေရသည် ထိုစဉ်ကြွေရုပ်ဘက်သိုလှည့်လာသောအမျိုးသမီး ............."
"ဟမ် ................."
"ဒေါက်တာ ..........."
"ကြွေရုပ်ပျော်သွားမိတာတော့အမှန်ပင်......
ဘာရယ်ကြောင့်မှန်းမသိကြွေရုပ်ဒေါက်တာကိုစတွေ့တဲ့နေ့ကစပြီးထပ်မတွေ့ရတာကြားထဲ၁ပတ်လောက်ရှိမည်ထင်သည် ။"
"ထိုအချိန်အတွင်းမှာလည်းကြွေရုပ်ဒေါက်တာကိုတစ်ချက်ချက်သတိရနေမိသည် ။"
"ကြွေရုပ်ကိုယ်တိုင်လည်းနားမလည်တော့ ကြွေရုပ်တွေးနေလိူက်တာ ကြွေရုပ်ရှေ့ကိုဒေါက်တာရောက်လာသည်ကိုပင်ကြွေရုပ်သတိမထားမိ ကြွေရုပ်လက်ကလေးကိုလာကိုင်တော့ကြွေရုပ်အတွေးတွေကြက်ပျောက်ငှက်ပျောက် ..........."
"ကလေး ...................."
"ကလေးတဲ့လားအသံလေးကစချိုသာလိုက်တာဒေါက်တာနဲ့ပတ်သတ်သမျှတိုင်းကမြတ်နိုးချင်စရာချည်းသာ ............"
"ကလေး..............."
"ကြွေရုပ်ခုမှသတိပြန်ကပ်ခါ ........."
"ရှင် .............."
"အာ့ ..ဟုတ် ဒေါက်တာ ........"
"နှင်းဆီရှိလား.........?"
"ဟုတ်အန်တီရှိပါတယ် ............."
"အထဲမှာလား ............"
"အာ..ဟုတ်..ဟုတ်ကဲ့....."
"နန်းကိုကြောင်ကြည့်နေလိုက်တာအူယားစရာအဲ့ကလေးနဲ့တွေ့တာနှစ်ခါရှိပြီနှစ်ခါစလုံးနန်းကိုမြင်တိုင်းမျက်တောင်မခက်ပဲအမြဲလိုက်ကြည့်နေတဲ့ကလေး............."
      "မေးတော့လည်းအထစ်ထစ်အငေါ့ငေါ့နဲ့တကယ့်ကလေး........."

ရင်ခွင်နန်းသခင်Kde žijí příběhy. Začni objevovat