အန်တီ နိုးလာပြီလားဟင်.......
အွန်း.......
အန်တီ့အတွက် ကြွေရုပ်မနက်စာပြင်ပေးရသည် ။
အန်တီ .......
မနက်စာစားနေရင်အန်တီကကြွေရုပ်ကိုမော့ကြည့်သည် ........
အွန်းပြောလေ ........
ဒီနေ့အန်တီ company သွားရင်ကြွေရုပ်ကောလိုက်ရမှာလားဟင် ?.......
ဟင့်အင်း ........
ဒီနေ့ တို့အလုပ်မသွားဘူး ......
ဒါပေမဲ့ ...သွားစရာတစ်နေရာတော့ရှိတယ် .....
အဲ့နေရာကိုတော့မင်းလိုက်ရမယ် .....
ရှင် .......
အန်တီက ဘယ်သွားမလို့လဲဟင် ?.....
ဘယ်သွားသွားပေါ့ မင်းတော်တော်လျှာရှည်ပါလား ကလေးမရယ်......
တို့သွားမဲ့နေရာတိုင်ကို မင်းအမြဲလိုက်ရမယ် .....
ဟုတ် ဟုတ်ကဲ့အန်တီ......
ဟုတ်ကဲ့ မနေနဲ့......
သွားအဝတ်စားသွားလဲ ချေ .......
ဟုတ် ဟုတ်ကဲ့......
တကယ့်အူကြောင်ကြောင်လေးရယ် ပါလေ ...အန်တီ ကြွေရုပ်ပြီးပြီ .......
အွန်း ဒါဆိုသွားကြမယ်လေ ......
ဟိုဟိုလေ အန်တီ ......
အွန်းဘာပြောအုံးမလို့လဲ .....
အန်တီကိုယ်တိုင်မောင်းမလို့လားဟင်ကားကိုဟုတ်တယ်လေ ဘာဖြစ်လို့လဲ......
စိတ်မပူပါနဲ့ တို့ကားကိုကျွမ်းကျွမ်းကြင်ကြင်မောင်းတတ်ပါတယ် ........
မင်းမှဲ့တစ်ပေါက်မစွန်းစေရဘူးစိတ်ချ .......
ကြွေရုပ်ကအဲ့သဘောပြောတာမဟုတ်ပါဘူးအန်တီရဲ့ ..........
ကဲပါ ဘယ်လိုသဘောနဲ့ပြောပြော ........
မင်းစကားသိပ်များတဲ့ကလေးမပဲ
တတ်တော့.....
ဟုတ် .......
အဲ့ဒါဘာလုပ်ပြန်တာလဲ .......
ရှင် .........
မင်း ငါ့ကို မင်းရဲ့ ကားdriver များမှတ်နေသလား ?ကလေးမ .......
အယ် အဲ့လို ဟုတ်ပါဘူး.......
အာ့ဆိုဘာလို့နောက်မှာထိုင်မလို့လဲ ........
ဟိုဟိုလေ .......
ကဲကွယ် တို့စိတ်မရှည်တော့ဘူး ........
လာ ရှေ့မှာလာထိုင်လှည့်ချေ......
ဟုတ်ဟုတ်ကဲအန်တီ ..........
အန်တီမောင်းလာလိုက်တာမြို့နဲ့တော်တော်ဝေးဝေးနေရာတောင်ရောက်နေပြီ ........
ကြွေရုပ်ကြောက်ပေမဲ့လည်းပါးစပ်ကမနေနိုင်မထိုင်နိုင်မေးမိပြန်သည် .........
ညအန်တီ အခုဘယ်ကိုမောင်နေတာလဲဟင်......
သွားမဲ့နေရာကိုပေါ့.......
ဟင် ..အဲ့ဒါတော့သူပြောမှလား ပါးစပ်ကနေပွစိပွစိလုပ်နေသည် .......
ကလေးမ ပါးစပ်ကဘာတွေပွစိ ပွစိလုပ်နေတာလဲ
YOU ARE READING
ရင်ခွင်နန်းသခင်
Romanceမိုးမခနှင်းဆီ မိုးမခနှင်းဆီရဲ့ ဘဝမှာ လိုချင်တာ မှန်သမျှ ရခဲ့တာကြည့်ပဲ မရရအောင်လည်းယူတက်တယ် တို့သိပ်ချစ်တဲ့ မင်းကိုလည်း မရရအောင် ယူမှာ ကြွေရုပ်လွှာ ကြွေရုပ်လွှာ ...