Part-10

300 18 0
                                    

             BMW ကားအနက်တစ်စီးသည် Moe Makha Companyရှိရာကားပါကင်ထဲသို့ရပ်လိိုက်သည် ....
     ကားထဲကထွက်လာသူမှာ Moe Makha Company ရဲ့ပဲ့ကိုင်ရှင် CEO ဒေါ်မိုးမခနှင်းဆီပင်ဖြစ်သည် ......
    နှင်းဆီဝင်လာတာနဲ့ Companyရှိဝန်ထမ်းအားလုံးကအရိုအသေပေးနှုတ်ဆက်ကြသည်.......
     ကြွေရုပ်ကနောက်ကလိုက်ရသည် ......

      အနောက်ကခေါ်လိုက်သောအသံတစ်သံ အသံမှာယောကျာ်းသံဖြစ်သည် ......
      ဒေါ်မိုးမခနှင်းဆီတို့ကတော့ကြည့်လိုက်တိုင်းအမြဲလှနေတော့တာပဲဗျာ
       ဘာကိစ္စရှိလို့လဲဦးကျော်စွာ ......
     ကိစ္စရှိမှပြောရမှာလားဗျာသူစိမ်းဆန်လိုက်တာ ....
   
        ကြွေရုပ်အဲ့ဒီလူပုံစံကိုသိပ်မကြိုက် အထူးသဖြင့်ထိုလူ့ရဲ့မျက်လုံးတွေကိုကြွေရုပ်မကြိုက်ပါ......
       သေချာတယ်ဒီလူဟာအန်တီ့ကိုပိုးပန်းနေသူတွေထဲကတစ်ယောက်ပဲဖြစ်ရမယ် .......
       မိုးရယ်ကိုယ့်ကိုအဲ့လောက်သူစိမ်းမဆန်ပါနဲ့လားကွာ။  

      ကိုတို့ခင်မင်မှုကအခုမှခင်ကြတာလဲမဟုတ်ဘူးလေ

        အယ်မယ်သူများအန်တီကိုများ မိုးတဲ့ပိုင်စိုးပိုင်နှင့်နဲ့ ဟွန့်..........
       ဦးကျော်စွာဆိုတာMoe Makha Companyတွင်ရှယ်ယာဝင်ထားသောသူတစ်ယောက်ဖြစ်သည့်အပြင်သူရဲ့အပြင်တွင်လုပ်ငန်းတော်တော်များများလည်းရှိသည်
        ဒီလူဟာခေသူတော့မဟုတ် ဒါနဲ့မိုးအားရင် ကိုထမင်းလိုက်ကျွေးချင်လို့အဲ့ဒါခွင့်ပြုနိုင်မလား..
            sorryပါဦးကျော်စွာ ကျွန်မအလုပ်ကိစ္စလေးရှိလို့ပါခွင့်ပြုပါအုံး...
      အန်တီဟာစကားကိုသာခပ်ပျက်ပျက်ပြောပြီးဦးကျော်စွာဆိုသောလူအရှေ့ကထွက်လာခဲ့သည်..
      ဦးကျော်စွာဆိုတဲ့လူကတော့မျက်နှာမကောင်းစွာကျန်နေခဲ့ရသည် .....
      ကြွေရုပ်ကတော့ပျော်တယ်.....
     ဟီး.......
     အဲ့လူကိုကြွေရုပ်မှကြည့်မရပဲကိုး ......
     ကြည့်မရဘူးပြောရအောင်ကြွေရုပ်နဲ့သိလားဆိုတော့
   ဟင့်အင်းမသိပါ.........
     မြင်ဖူးလားဆိုတော့ ဒါပထဆုံးအကြိမ်ပင်
    အဲ့လူကငါ့ကိုလည်းဘာမှမလုပ်ပဲငါကဘာကိစ္စအမြင်မကြည်ဖြစ်နေရတာပါလိမ့်........
     အဓိကကတော့အဲ့လူရဲ့မျက်လုံးကိုမကြိုက်ပါအန်တီ့ကိုကြည့်နေတဲ့ဦးကျော်စွာရဲ့မျက်လုံးတွေကိုကြွေရုပ်မကြိုက်ပါကြွေရုပ်စိတ်ကိုပင်ကြွေရုပ်နားမလည် .......
    အန်တီ့အနောက်ကနေသာတောက်လျောက်လိုက်လာခဲ့တာအတွေတွေများစွာခေါင်းထဲမှာတွေးရင်း ......
     ကြွေရုပ် .......
       အန်တီ့ခေါ်သံကြားမှကြွေရုပ်အသိပြန်ဝင်လာခဲ့သည်   

ရင်ခွင်နန်းသခင်On viuen les histories. Descobreix ara