အခန်း ၂

16 1 0
                                    

အကယ်၍ ကိုယ်တို့ဝေးသွားရင် ပြန်ဆုံဖို့
ဘယ်တော့မှမမျှော်လင့်ပါနဲ့ ။

ဘုန်းနေရောင်
...........

ဘုန်းနေရောင် လက်သီးကိုတင်းတင်းဆုပ်ထားသည် ။ နှလုံးသား၏ နာကျဥ်မှုများက ဒေါသအဖြစ်ကူးပြောင်းနေသည် ။

" အခု ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးမယ် ပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်ရုံပဲပေါ့ ကိုဘုန်းနေရောင် "

ခွန်းဆင့်မင်းက မျက်နှာပြောင်တိုက်ပြီး စားပွဲခုံပေါ်တွင်ချထားသော စာချုပ်ကိုယူသည် ။ ရုတ်တရက်ဆိုသလိုပင် ဘုန်းနေရောင်၏ အဖြူရောင်ရှပ် အင်္ကျီအိတ်ကပ်ထဲမှာ မှင်ပြာကို ဖျတ်ခနဲဆွဲယူသည် ။

လက်ဖဝါးပေါ်တင်ရက်သားနှင့်ပင် ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးသည် ။ ဘုန်းနေရောင်၏ စိတ် ခန္ဓာကိုယ် အသွေးအသား ခံစားချက် အစစအရာရာကို ခွန်းဆင့်မင်းသိသည် ။ နားလည်သည် ။ ဤသို့နားလည်အောင် တမင် ကြိုးစားခဲ့ခြင်းမဟုတ်သော်လည်း သူတို့နှစ်ယောက်လုံး အတွင်းသိအဆင်းသိ ဖြစ်ခဲ့ကြသည် ။

သို့သော်လည်း အခုဒီဘဝ ဒီမျှနှင့် ဇာတ်သိမ်းဖို့ ဆုံးဖြတ်ထားသူကတော့ ပေါ့ပေါ့ဆဆနှင့်ပင် ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးနေသည် ။
ဘုန်းနေရောင်ကတော့ ဘာစကားမှမပြောဘဲ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားသည် ။ ခွန်းဆင့်မင်းကို ကိုယ်ထိလက်ရောက် ဘယ်သောအခါမျှ လုပ်မည်မဟုတ်ကြောင်း ခွန်းဆင့်မင်း သေချာသိသည် ။

သိူ့သော်လည်း ခွန်းဆင့်မင်း မသိသည်က ဘုန်းနေရောင်၏ သည်းခံနိူင်မှု အတိုင်းအတာပင်ဖြစ်သည် ။ ဘယ်အရာမဆို ကန့်သတ်ချက်ရှိသည်မို့ ခံနိုင်ရည်စွမ်းမရှိတော့သော ဘုန်းနေရောင်၏ ဒေါသကိုတော့ ခွန်းဆင့်မင်း မသိခဲ့ပါချေ ။

" ဖြောင်း..... ''''

ကျယ်လောင်လွန်းသော အသံကြီးတစ်ခု..

တိတ်ဆိတ်လှသည့်နေရာတစ်ခုတွင် ထွက်ပေါ်လာခဲ့သည် ။

သွေးချင်းရဲနေသော ကြမ်းပြင်တွင်လဲကျနေသည့် ခွန်းဆင့်မင်းက ငြိမ်သက်နေသည် ။

စမ်းရေကြည်သို့ အေးသည့်နှယ် စမ်းရေကြည်သို့ အေးသည့်နှယ်Where stories live. Discover now