အခန်း ၃

17 2 0
                                    

ဘုန်းလရောင် ပြင်ဦးလွင်ကိုရောက်နေသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်သည် ။ ကိုကိုကြီး ဘုန်းနေရောင်၏ အမျိုးသား ကိုခွန်းဆင့်မင်းကို အစကလောက် မယုံကြည်တော့သော်လည်း အနည်းငယ် လေးစားသမှုတော့ရှိပါသေးသည် ။

ကိုခွန်းဆင့်မင်းလိုလူမျိုးက သူ့အတွက်အံ့သြစရာတွေချည်းပြည့်နေသော လူတစ်ယောက်ဖြစ်သည် ။ မကောင်းမှုမျိုးစုံကို ကျွမ်းကျင်သော မကောင်းသောစိတ်ထားကို ပိုင်ဆိုင်သော စိတ်ထားဓာတ်ခံမကောင်းသူ ယုတ်ညံ့သူဖြစ်ကြောင်း
သူကိုယ်တိုင်သိပြီး မြင်ပြီး တွေ့ပြီးဖြစ်သည့်တိုင်ပုဂ္ဂိုလ်ရေးရာခံစားချက်များကြောင့်နှင့်တော့ လူနားတစ်ယောက်ဖြစ်နေချိန်မှာတော့ ပစ်ထားခဲ့ဖို့အထိ ဘုန်းလရောင်မရက်စက်နိုင်ပေ ။

ကိုကိုကြီး ဘုန်းနေရောင်ကတော့ နဂိုအလုပ်များသူပီပီ ကိုခွန်းကိုလည်း ဟိုးအရင်ကတည်းက သေချာလေးဂရုမစိုက်နိုင်ချေ။ ကိုကိုကြီးတို့ အိမ်ထောင်သက်ကြာလာလေလေ အေးစက်လာလေလေ ဖြစ်ရသည့်အကြောင်းကလည်း ဒီအချက်တစ်ခုအပါအဝင်ဖြစ်ပုံရသည် ။

အိမ်မှာ ဘာအလုပ်မှမလုပ်ဘဲ အရမ်းအအားနေတတ်သော ကိုခွန်းက ကိုကိုကြီးကိုလည်း မကူညီတတ် အိမ်မှုကိစ္စများကိုလည်း ယောကျ်ားတစ်ယောက်နှင့် မသက်ဆိုင်သလို ယူဆကာ ဘာမှမလုပ်ဘဲ အိမ်ကြီးရှင်ကတော်ဆိုဒ်ဖမ်းကာ
ဘော်ကြော့နေခဲ့သည် ။ အိမ်တွင်းရေး ပြဿနာတွေဖြစ်ရတာတော့ အတော်များပါသည် ။

သူက အိမ်မကပ်တာတောင် ကြားရသည့်ပြဿနာတွေက ဆိုးဝါးလှသည် ။ မေမေနှင့်ဖေဖေ့ကို သွေးထိုးတာမျိုး.... ဖေဖေ့အမွေတွေကို ခွဲပေးဖို့ မေမေ့ဆီသွားကပ်ပြီး အတင်းတောင်းခိုင်းတာမျိုး.... အိမ်ကြီးတစ်ခုလုံး အလုပ်တစ်ခုလုံးကို ကိုကိုကြီးဘုန်းနေရောင်ကိုသာ ရစေချင်
ပိုင်ဆိုင်စေချင်သော ကိုခွန်း၏လောဘများ ။

ကိုကိုကြီး၏ မျက်စိကွယ်ရာ နားကွယ်ရာများတွင် ကောင်လေးတွေနှင့်ရော ကောင်မလေးတွေနှင့်ပါ
ဖောက်ပြန်ဇာတ်ခင်းကြသည့် အကြောင်းများ ၊ ညဘက် အရက်မူးလာလျှင် ရပ်ကွက်ထဲ ပတ်ဆဲတတ်သည့်အကြောင်းများ....  စရိုက်ဆန်မှုများ...
အိမ်အကူကောင်မလေးများကို မတရားသဖြင့်အပြစ်ရှာ နိုင်ထက်စီးနင်းလုပ်မှုများ... စသဖြင့်နားရည်ဝအောင်ကြားရသော ကိုခွန်း၏ အကြောင်းများကို ကိုကိုကြီးအစား စိတ်ပျက်လှသည် ။

You've reached the end of published parts.

⏰ Last updated: Apr 06, 2023 ⏰

Add this story to your Library to get notified about new parts!

စမ်းရေကြည်သို့ အေးသည့်နှယ် စမ်းရေကြည်သို့ အေးသည့်နှယ်Where stories live. Discover now