02

229 38 0
                                    


UNI....

သူတို့နှစ်ယောက်သူငယ်ချင်းဇာတ်လမ်းက ဒီလောက်နဲ့ပဲ ပြီးသွားပြီ ထင်ပါတယ်။အမြဲတမ်း တိတ်ဆိတ်နေတဲ့ Kyungsoo က အတန်းထဲမှာ စာပဲဖိလုပ်နေပြီး Sehun ကတော့ လေကျင့်ရေးဆင်းနေရတယ်။ဒါပေမယ့် ကျောင်းရဲ့အတော်ဆုံး မြှားပစ်သမားလေးက သူ့အချိန်တွေကို ဖဲ့ပြီး ထမင်းစားချိန်ဆို Kyungsooအနား ‌အပြေးလေး ရောက်လာတတ်တယ်။ထိုမြင်ကွင်းက သူကို ဒေါသထွက်စေသလို တစ်ဖက်မှာလည်း ဝမ်းနည်းရတယ်။ဘာလို့များ Kyungsoo က သူနေရာမှာ Sehun ကို အစားထိုးနေရတာလဲ။

အဖြေမထွက်သည့်မေးခွန်းကို ခဏခဏစဉ်းစားမိတော့ မွန်းကြပ်ပြီး နာကျင်လာတယ်။စိတ်ထွက်ပေါက်ဖြစ်တဲ့ဆေးလိပ်ကို ပါးစပ်မှာ ဖွာပြီး မီးခိုးတွေကို မှုတ်လိုက်တော့ ရင်ဘတ်ထဲက မွန်းကြပ်မှုက နှလုံးအိမ်အထိ ရောက်လာတယ်။အသက်ရှုလိုက်တိုင်း စူးနင့်ပြီး နာကျင်လာတယ်။

ဘာလို့များ ကျွန်တော်နဲ့မတူ၊ကွဲပြားနေတဲ့ဒီသူငယ်ချင်းကို တွယ်တာနေရတာလဲ။

တစ်လိပ်ပြီး တစ်လိပ် ကုန်ဆုံးသွားတဲ့ဆေးလိပ်တွေနှင့်အတူ အချိန်တွေကတရွေ့ရွေ့နှင့် ကျောင်းဆင်းချိန်ကိုပင် ရောက်လာခဲ့တယ်။လေးလံထိုင်းမှိုင်းနေသည့်စိတ်တွေကို အဝေးသို့ပစ်ကာ ကျောပိုးအိတ်လွယ်ပြီး အိမ်ပြန်ခဲ့တယ်။ကျောင်းသွားပြီး စာမသင်ဘဲ ပြန်လာတဲ့သူကို ကျောင်းသားလို့ရော ခေါ်ထိုက်ပါ့မလား။

«ကိုယ်တော်ချော ရောက်လာပြီလား။ဒီမှာ ‌ကလေးက ရောက်နေတာ ကြာနေပြီ »

မမ ညွှန်းပြပြီးပြောလာသည့်နေရာကို ကြည့်လိုက်တော့ Kyungsooက မေမေ့လက်ရာ ခေါက်ဆွဲအေးကို ခေါင်းမထောင်တမ်း စားနေတယ်။သူ ရောက်သည်ကို မသိဘဲ အစာမှာအာရုံရောက်နေတာကိုမြင်တော့ စိတ်ထဲ ကြည်နူး‌ရတယ်။ KyungSooကို ကောင်းကောင်းစား၊ကောင်းကောင်းအိပ်ပြီး စာကိုပဲ အာရုံစိုက်စေချင်တယ်။ပြီးတော့ သူကိုပဲ ဦးစားပေးစေချင်တယ်။

«ဘာလဲ။ရန်ဖြစ်ထားကြတာလား »

«မဟုတ်ပါဘူး ။ရန်ဖြစ်စရာလား ဟုတ်တယ်နော် KyungSoo »

မမရဲ့တရားခံစစ်နေသလိုအကြည့်တွေကြား အလျင်စလိုပြန်ဖြေလိုက်တယ်။ပြီးမှ အစာစားနေတဲ့ Kyungsoo ကိုကြည့်၍ စစ်ကူခေါ်လိုက်တယ်။အသံကြားပြီး အစာစားနေရင်းတန်းလန်းမော့ကြည့်တဲ့သူက မျက်လုံးလေးပြူးလို့။

FOREVER ONLY Where stories live. Discover now