06

241 31 2
                                    

UNI...

ပုံမှန်ထက်ပိုပြီး Kyungsoo အိမ်ကို သွားလည်ဖြစ်တယ်။စာအတူတူလုပ်ရင်း ညအိပ်ဖြစ်တဲ့နေ့တွေဆို သူက ကြမ်းပြင်ပေါ်မှာအိပ်ရပြီး Kyungsooက ကုတင်ပေါ်မှာအိပ်တယ်။ဒါပေမယ့် တန်ပါတယ်။ Kyungsoo အိပ်ပျော်တဲ့အထိစောင့်ပြီး အနမ်းသူခိုးလေး လုပ်လို့ရတယ်လေ။

ဒီနေ့လည်း စာအတူတူလုပ်ရန် ထွက်လာခဲ့တော့ အိမ်ရှေ့မှာ Kyungsoo မိဘ‌တွေနှင့် ဆုံလေတယ်။ဂုဏ်ပြုပွဲတတ်မှာဖြစ်ပြီး နောက်ကျမယ်တဲ့လေ။သတင်းကောင်းကြားပြီး အပျော်လွန်းကာ အိမ်ထဲပြေးဝင်ခဲ့တယ်။သူနဲ့ Kyungsoo နှစ်ယောက်တည်းဆိုတဲ့အသိက ပျော်စေတဲ့အပြင် အသေးလေးက အခုတလော သူဘာလုပ်လုပ်ငြိမ်နေတယ်လေ။

« Kyungsoo   »

« ya ! Doh  Kyungsoo  »

« မင်း ဘယ်မှာလဲ »

« ငါ ဝင်ခဲ့ပြီနော် »

အော်ခေါ်ရင်း အခန်းထဲဝင်ခဲ့တော့ Kyungsoo က ရှိမနေပါ။ချွတ်ထားတဲ့အဝတ်တွေမြင်တော့ ရေချိုးခန်းထဲ နားစွင့်လိုက်တယ်။ထင်သည့်အတိုင်း ရေကျသံတွေနှင့် Kyungsoo ရဲ့သီချင်းဆိုသံကို ကြားလိုက်ရတယ်။

« အရူးလေး ခေါ်နေတာ မကြားဘူး »

ပြုံးလျက်ပင် ကုတင်ပေါ်ထိုင်၍ ဖုန်းကြည့်လိုက်တယ်။ Kyungsoo ရေချိုးခန်းထဲက ဘယ်လိုပုံစံထွက်လာမလဲတွေးမိတော့ နှာခေါင်းသွေး လျံချင်လာတယ်။တကယ်ကြီး Kyungsoo ရဲ့အဝတ်မဲ့တဲ့အန္ဓာကိုယ်မြင်လျှင် သူ မေ့သွားမလားပင်။

တွေးရင်း ရင်ခုန်လာတာမို့ ဖုန်းကို ဟိုကလီ၊ဒီကလီလုပ်နေလိုက်တယ်။IG effect တွေစမ်းပြီး ဓာတ်ပုံရိုက်နေစဉ် ရေချိုးခန်းတံခါးဖွင့်သံကြားလိုက်ရတယ်။မလှည့်ကြည့်ခင် ဖုန်းကင်မရာ‌ထဲဝင်ရောက်လာတဲ့ Kyungsoo ‌နှင့်အတူ ဓာတ်ပုံတွဲရိုက်လိုက်တယ်။ပြီးမှ ဖုန်းကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်သိမ်းပြီး Kyungsoo ဘက်လှည့်ကြည့်လိုက်တယ်။

« Hi Kyungsoo »

မျက်လုံးလေးတွေ ပြူးကျယ်လျက် အံ့ဩနေတဲ့သူက အန္တရာယ်ကို ကြိုသိပြီး ထိန့်လန့်နေရှာတယ်။

«မင်း! ငါ့အခန်းထဲကို ရောက်နေတယ်ဆို အသံလေး၊ဘာလေး ပေးလေ »

«ငါခေါ်နေတာ မင်းမှမကြားဘဲ »

FOREVER ONLY Where stories live. Discover now