09

268 31 0
                                    

UNI...

« အရူးကောင် တန်ဖိုးထားမယ်ပြောပြီး »

ရင်ခွင်ကျယ်ကြီးကို ထုရိုက်ပြီး ငိုပစ်တယ်။
မကောင်းတဲ့အကောင်။ချောင်းပိတ်ပြီး အရယူတယ်။ အများသုံး သန့်စင်ခန်းဖြစ်နေ၍
အော်လည်းမရ၊ရုန်းလည်းမရနှင့် ပြုသမျှနုခဲ့ရတယ်။

မနေ့ကပဲ ရွံ့တယ်ပြောပြီး သူ့စိတ်တိုင်းကျထိတွေ့သွားတာ လူကို ရစရာမရှိတော့ဘူး။

« တောင်းပန်ပါတယ်။ မောင့်ဒေါသကြောင့်
မရည်ရွယ်ဘဲ ဖြစ်သွားတာ »

ဘာမှမပြောဘဲ ငြိမ်နေလိုက်တယ်။ပင်ပန်းလွန်းလို့ စကားပြန်ပြောဖို့တောင် အားမရှိတော့ဘူး။

«မောင် မင်းကို လက်ထပ်မှာပါ »

လက်ထပ်မှာ ? ဒီစကားကို လွယ်ထင်ပြီး ခဏ ခဏပြောနေတာလား။

« မင်း စကားတစ်ခွန်းကို လွယ်လွယ်မပြောနဲ့ »

« ဒီအခြေအနေထိ ရောက်နေပြီ ။ မောင်ကို
မကောင်းတဲ့လူဖြစ်အောင် လုပ်နေတာလား »

ချွေးစို့နေတဲ့ဆံပင်တွေကို ပွတ်သတ်၍ပြောလိုက်တယ်။

« မနေ့က ကိစ္စတွေကို မေ့လိုက်ရအောင်။ မောင်ကိုလည်း စိတ်မဆိုးနဲ့တော့... နော် »

အရူးကောင်။စိတ်ထဲမှာ ကိုယ့်ရည်းစားကို
ကျိန်ဆဲပစ်လိုက်တယ်။လူကြားမရှောင်သူ‌ကြား မရှောင်အော်ပြီးမှ လာချော့တော့ တိုးတိုးတိတ်တိတ် သန့်စင်ခန်းမှာတဲ့လေ။

« ခဏနားပြီး ပြန်ကြမလား »

အငိုလွန်းပြီး အစ်မို့နေတဲ့မျက်နှာလေးနှင့် ခေါင်းလေးငြိမ့်ပြတယ်။ အသည်းယားစွာ ခေါင်းလေးကို ပုတ်ပြီးမှ  သူ့လက်ချက်နှင့် ရွဲစောင်းနေတဲ့အင်္ကျီကို ပြန်ပြင်ပေးပြီး ဘောင်းဘီဇစ်တပ်ပေးလိုက်တော့ မျက်နှာရဲလေးပြီးရှက်နေပြန်တယ်။လက်ကလေးတစ်ဖက်ကို ယုယုလေး လှမ်းဆွဲလိုက်တော့ မော့ကြည့်လာတယ်။

« လမ်းလျှောက်နိုင်တယ် မှတ်လား »

«အင်း »

လူအခြေအနေကြည့်ပြီးမှ သန့်စင်ခန်းထဲက ထွက်လာခဲ့တယ်။ဆေးရုံဝန်းထဲမှာ Taxi မတွေ့၍ Kyungsoo ကို စိတ်ပူစွာ လှည့်ကြည့်လိုက်တယ်။

FOREVER ONLY Where stories live. Discover now