Chapter 20🧑‍🤝‍🧑

1K 191 3
                                    

Chapter 20

ရှဲ့ယွင်နန်က ကန်စွန်းဥ နှစ်ထောင်ကတ်တီ စုစုပေါင်း ယွမ်နှစ်သောင်းဖိုး ဝယ်ယူခဲ့သည်။

ယနေ့အတွက် အချိန်မှာ နောက်ကျနေပြီဖြစ်ရာ ကန်စွန်းဥ အများအပြားကို ချက်ခြင်း သယ်သွားရန် လွန်စွာ အခက်တွေ့ပေလိမ့်မည်။  သူ့အနေဖြင့် သယ်သွား၍ အဆင်ပြေသည့်တိုင် အိမ်တွင် ထားစရာ နေရာမရှိ။

သူက မေးလိုက်သည်။ 

"ကန်စွန်းဥတွေကို မနက်ဖြန်မှ လာယူလို့ ရမလား ..."

သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက် မျက်နှာချင်းဆိုင်ရှိ အမျိုးသမီး၏ စကားသံကို ကြားလိုက်ရသည်။ 

"ရတာပေါ့ ..."

"ကျေးဇူးတင်ပါတယ် ..."

ရှဲ့ယွင်နန်က သူမကို ပြုံးပြကာ ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး နောက်ထပ် ရက်နည်းနည်းလောက်နေမှ လာယူချင်လည်း ဖြစ်တယ် နောက်ပိုင်း လိုသေးရင်လည်း ထပ်လာဝယ်လို့ ရတယ်နော် ကျွန်မတို့က ဒီကန်စွန်းဥတွေကို အစားအသောက်လုပ်တဲ့ စက်ရုံတွေမှာ သွားရောင်းဖို့ တွေးမထားဘူး ..."

အမျိုးသမီးက ပြုံးကာ‌ ပြောလိုက်သည်။

ဤဒေသရှိ စိုက်ခင်းများတွင် စိုက်ပျိုးသော ကန်စွန်းဥ အများစုမှာ အမျိုးမျိုးသော ကန်စွန်းဥကုန်ပစ္စည်းများ ပြုလုပ်ရန် အလို့ငှာ အစားအသောက် စက်ရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချကြသည်။

အစားအသောက်စက်ရုံကို မပို့ဘူးဆိုတော့ .. ဒါက ဆင်ခြေဖုံးဒေသမှာ နေထိုင်တဲ့သူတွေအတွက် အထောက်အကူ ဖြစ်နိုင်တယ် ...

ဒါပေမယ့် သားရဲတွေ တိုက်ခိုက်တဲ့အခါ ဒီကန်စွန်းဥတွေကလည်း ရေရှည် မခံနိုင်လောက်ဘူး ...

အတွေးထဲ နစ်မြောနေစဉ် ရှဲ့ယွင်နန်သည် အခြားသူတစ်ဦး၏ အမေးစကားကိုပါ ကြားလိုက်ရသည်။ 

"ဒါနဲ့ ဒီဘက်က နာမည်က ဘာတဲ့လဲ ..."

"ကျွန်တော့်နာမည်က ရှဲ့ယွင်နန်ပါ ဒီဘက်ကရော ..."

သူက ပြန်မေးလိုက်သည်။

"ကျွန်မက ရှချင်ပါ ..."

ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားတာလဲ Место, где живут истории. Откройте их для себя