Chapter 66🧑‍🤝‍🧑

358 79 1
                                    

Chapter 66

သွမ့်ချန်ချင်းသည် ယဇ်ဆရာအကြီးအကဲ၏ အကြောင်းကို တစ်ကြိမ်ထက်မနည်း ကြားခဲ့ဖူးသည်။

သို့သော် ယဇ်ဆရာအကြီးအကဲမှာ အလွန်လျှို့ဝှက်ဆန်းကြယ်ကာ သူ သိကျွမ်းဆက်ဆံခဲ့ဖူးသူများမှာလည်း ထိုသူနှင့် မရင်းနှီးကြချေ။

ထို့ကြောင့် သူက ယဇ်ဆရာအကြီးအကဲသည် သန်မာကာ နားလည်ရခက်သူ ဖြစ်ကြောင်းနှင့် မြင့်မြတ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပုန်ကန်မှုကြောင့် တစ်ခုခု ဖြစ်သွားခဲ့ကြောင်းသာ သိထားသည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ လွန်စွာ အားနည်းလှပေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်အမြုတေ ရှိသည့်တိုင် အခြားသော ယဇ်ဆရာများကဲ့သို့ ကိုယ်ထဲမှ စိတ်စွမ်းအင်ကို မထုတ်ယူနိုင်ပေ။

သာမန်သူတစ်ဦးမျှသာ .. သာမန်သူထက်ပင် အားနည်းသည်ဟု ဆိုနိုင်သေး၏။

သာမန်လူတစ်ယောက်က ဘယ်လိုလုပ် ယဇ်ဆရာအကြီးအကဲ ဖြစ်နေနိုင်မှာလဲ ...

သွမ့်ချန်ချင်းက ထိုဖြစ်နိုင်ချေကို တစ်ကြိမ်တစ်ခါပင် မစဉ်းစားခဲ့ဖူးချေ။

သို့သော် ဝမ်ချဲ့က ယဇ်ဆရာအကြီးအကဲသည် မြစ်ထဲသို့ ပြုတ်ကျသွားခဲ့သည်ဟု ပြောလိုက်ကတည်းက သူ့စိတ်ထဲတွင် တစ်ခုခု မှားနေကြောင်း ခံစားမိခဲ့သည်။ ယခု ဓာတ်ပုံကို မြင်လိုက်သည့်အခါ ကိစ္စတစ်ခုအား အသေအချာ သိသွားတော့၏။

ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ယဇ်ဆရာအကြီးအကဲပဲ ...

တစ္ဆေဘုရင်က သူ့ကို ယဇ်ဆရာအကြီးအကဲရဲ့ ဘေးနားက တိုက်ခိုက်သူလို့ ထင်ထားခဲ့တာ ... ဒါပေမယ့် တကယ်တမ်းတော့ သူက ယဇ်ဆရာအကြီးအကဲ ဖြစ်နေခဲ့တာလား ...

သူတို့က ရှဲ့ယွင်နန်မှာ ယဇ်ဆရာအကြီးအကဲရဲ့ အမွေတွေ ရှိနေတယ်လို့ လုပ်ကြံ ပြောခဲ့ပေမယ့် ... ဒါက တကယ်ကြီး အမှန်ဖြစ်လာလိမ့်မယ်လို့တော့ လုံးဝ တွေးမထားမိဘူး ...

သူက ဓာတ်ပုံကိုသာ ငေးကြည့်နေသည့်အတွက် ဝမ်ချဲ့က ပြောလိုက်သည်။

“ယဇ်ဆရာအကြီးအကဲက ကလေးလေးပဲ ရှိသေးတာ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ လူသတ်သမားရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရ ...”

ငါ့ရဲ့ နူးညံ့တဲ့ချစ်ဇနီးလေးဘယ်ရောက်သွားတာလဲ Where stories live. Discover now