အခန်း ၅။ ငါ့ခင်ပွန်းကို ဒီလိုမျိုး လာမလုပ်နဲ့!

1.2K 226 2
                                    

လတ်ဆတ်စွာ ပေါင်းထားသော မုန့်ပေါင်းသည် အမွှာနှစ်ယောက် ယူလာသည်ထက် ပို၍မွှေးပျံ့လေသည်။ ဒုတိယအသုတ်သည် လုံးဝရောင်းကုန်သွားပြီး ၎င်းတို့ကို သစ်ရွက်ဖြင့် ထုပ်ပိုးထားခြင်းဖြစ်ပြီး ထိုအရာကို ယွီရှန့်ဝမ်တွေ့ရှိထားခြင်းဖြစ်သည်။

ချောင်ယွမ်သည် အလုပ်ကြိုးစားခဲ့သည့် ယွီရှန့်ဝမ်၊ ယွီရှန့်ဝူနှင့် ယနေ့တွင် ကြက်များအား ဂရုစိုက်ခဲ့သည့် လျိုကောအာတို့အား ၁ ဝမ်စီ ပေးလိုက်လေသည်။ ယွီရှန့်ဝူနှင့် လျိုကောအာတို့သည် ငွေကို ပျော်ရွှင်စွာ လက်ခံလိုက်‌ကြသော်လည်း ယွီရှန့်ဝမ်သည် ယူရန်ငြင်းဆန်လိုက်သည်။ ချောင်ယွမ် ပြောလိုက်သည်။
"ဒါက မင်းရဲ့ လုပ်အားခပဲ မနက်ဖြန်ကျ မင်းငါ့ကို သစ်ရွက်များများ ယူခဲ့ပေးလေ"

ယွီရှန့်ဝမ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်ပြီး ငွေကိုလက်ခံလိုက်လေသည်။

တစ်မနက်ခင်းလုံး အလုပ်ရှုပ်နေပြီးနောက် သူ့"ခင်ပွန်း" မစားရ‌သေးသည်ကို ချောင်ယွမ် သတိရလိုက်သည်။ ထို့ကြောင့် သူမုန့်နှစ်ကို ပြင်ဆင်ပြီး ပြောလိုက်သည်။
"အမေ အဖေနဲ့သာ့မုန် ပြန်လာနေတုန်း ကျွန်တော် နည်းနည်းထပ်လုပ်ပြီး ပေါင်းလိုက်ဦးမယ်!"

လင်ချွေ့ဖန်းသည် ချောင်ယွမ်က ယွီသာ့မုန်ကို ဂရုစိုက်သည်အား တွေ့ရသောအခါ သူ မကန့်ကွက်ဘဲ
"အနာဂတ်မှာ မင်းစားချင်တာကိုပဲ လုပ်ပါ မင်းငါ့ကို မေးစရာ မလိုပါဘူး"

ချောင်ယွမ် သူ့ကိုပို၍ စိုးရိမ်သောကကင်းစေသည့် မီးဖိုချောင်အသုံးပြုခွင့်အား ရရှိလိုက်လေသည်။ သူတို့အတွက် သူနေ့လယ်စာ ပြုလုပ်ပေးခဲ့ပြီး လင်ချွေ့ဖန်းသည် သူ့အား မီးဖိုချောင်ထဲတွင် ကူညီပေးခဲ့လေသည်။

"အမေ အဖေနဲ့သာ့မုန်က မြို့မှာ နေ့လယ်စာကို ဘယ်လိုစားကြလဲဟင်?"

"ဘန်းမုန့်တချို့ ဝယ်စားတာမျိုး ဒါမှမဟုတ်လည်း ခေါက်ဆွဲ တစ်ပန်းကန် ဝယ်စားတာမျိုး ဖြစ်မှာပေါ့ သူတို့ စီစဉ်ပါလိမ့်မယ်"

ထိုအရာကို ချောင်ယွမ် ကြားလေသောအခါ ချက်ချင်းပင် မနက်ခင်းတုန်းက ယွီသာ့မုန်၏ အလွန်အံ့အားသင့်ဖွယ်ကောင်းသော စားချင်စိတ်အား စဉ်းစားမိလိုက်သည်။ သူဆန်တစ်ခွက်နဲ့တင် လုံ‌လုံလောက်လောက် စားနိုင်လိမ့်မည် မဟုတ်ပေ။
"ပုံမှန်ဆို သာ့မုန်က ဘာစားရတာ ကြိုက်လဲဟင်?"

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းWhere stories live. Discover now