အခန်း ၁၄။ သတို့သမီး၏ ပထမဆုံးအကြိမ် မိဘအိမ်သို့အပြန်။

1.2K 213 1
                                    

သူတို့ကို မြင်သောအခါ ရွှီရှုံ့ဟွားသည် ထေ့ငေ့ါလေတော့သည်။
"အိုး ယွမ်ကောအာ မင်းဒီမိသားစုကိုတော့ မှတ်မိသေးတယ်ပေါ့?"

ချောင်ယွမ်သည် ဒေါသထွက်နေဆဲဖြစ်ပြီး နှာပြင်းပြင်းမှုတ်လျက် သူ(မ)ကို နှုတ်မဆက်ဘဲ ချောင်ဝမ်ရှစ်နေထိုင်ရာ အရှေ့ဘက်အဆောင်သို့ တိုက်ရိုက်သွားလိုက်သည်။ ရွှီရှုံ့ဟွား ဒေါသဖြစ်သွားပြီး ခြေဆောင့်နင်းလိုက်၏။ သူ(မ)သည် ချောင်ယွမ်အရှေ့တွင် အပေါ်စီးမှ ဆက်ဆံလေ့ရှိခဲ့ပြီး ယခုကဲ့သို့ သူ(မ)အား ဆက်ဆံရဲသည့်အခါ ချက်ချင်းပင် ရှေ့သို့လှမ်းလိုက်ပြီး သင်ခန်းစာတစ်ခုအား သူ့ကို သင်ပြပေးချင်သွားမိသည်။

ယွီသာ့မုန် အလျင်အမြန်ပင် တုံ့ပြန်လိုက်ပြီး ချောင်ယွမ်ကို သူ့နောက်သို့ပို့၍ ကာကွယ်ပေးလိုက်သည်။ သူလှည့်လိုက်ပြီး သူ(မ)အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်၏။ ရွှီရှုံ့ဟွား ရုတ်တရက်ပင် တိတ်ဆိတ်သွားပြီး မလှုပ်ရဲတော့ချေ။

ချောင်ယွမ် ယွီသာ့မုန်၏နောက်တွင် ပုန်းနေလိုက်ပြီး သူ(မ)အား ရန်စသည့်မျက်နှာပေးဖြင့် ခေါင်းထွက်လာလေသည်။ ရွှီရှုံ့ဟွားအား သူ မကြောက်သော်လည်း သူ့ကို တစ်စုံတစ်ယောက်မှ ကာကွယ်ပေးနေသည့် ခံစားချက်အား နှစ်သက်လေရာ သူပို၍ အားရကျေနပ်သွားပြီးနောက် ယွီသာ့မုန်၏လက်ကို တစ်ဖန်ပြန်လည်၍ကိုင်လိုက်ပြီး
"သူ့ကို မသိချင်ယောင်ဆောင်ထားလိုက်ရအောင် ခင်ဗျားကို ကျွန်တော့်အဘွားနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်"

ယွီသာ့မုန် ခေါင်းညိတ်လိုက်၏။

ရွှီရှုံ့ဟွား ဒေါသပုန်ထလာသော်လည်း သူ(မ)ဘာသာပင် ထားလိုက်ရတော့သည်။ သူ(မ)မိသားစုခေါင်းဆောင်၏ စကားများကို သတိရလိုက်သည်မှာ နောက်သုံးလပိုင်းတွင် ယွီမိသားစု၏ အကြီးဆုံးသားမှာ အင်ပါယာစာမေးပွဲကို ဖြေဆိုမည်ဖြစ်ပြီး *ရှုံ့ချိုက်*တစ်ယောက်ဖြစ်လာခြင်း၏ အခွင့်အရေးကောင်းများ ရရှိလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် ချောင်ယွမ်ဆိုသည့် ကောင်စုတ်လေးအပေါ်တွင် အနာဂတ်မှာ မှီခို၍ အဆက်အသွယ်များ တည်ဆောက်ရမည်ပင်။
(*秀才* - ရှုံ့ချိုက် - အင်ပါယာစာမေးပွဲတွင် စီရင်စုအဆင့် စာမေးပွဲအောင်မြင်သူ။ အင်ပါယစာမေးပွဲ၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။)

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းOù les histoires vivent. Découvrez maintenant