အခန်း ၁၇။ နေရာပြောင်းရွှေ့ခြင်း။

1K 179 3
                                    

ကျန်းဝမ်ရှန်းသည် သူငယ်စဉ်ကတည်းက ချောင်ယွမ်နှင့် စေ့စပ်ကြောင်းလမ်းထားကြောင်း သိထားပြီးဖြစ်သည်။ သူ့မိခင် ယန်ကွေ့ဇီထံမှ စေ့စပ်ကြောင်းလမ်းသူ ပြောင်းလဲသွားကြောင်း ပြောသည်ကို စ,ကြားစဉ်က သူ အလွန်မလိုလားခဲ့ပေ။ သို့သော်လည်း ချောင်ယင်ယင်မှ သူ့ထံသို့ အကြိမ်အနည်းငယ် တိတ်တဆိတ်လာရောက်လည်ပတ်ပြီး စောင်းပါးရိပ်ခြည်ပြောသည်မှာ သူအင်ပါယာစာမေးပွဲပြီးနောက် သူ(မ)သည် သူ့အနေဖြင့် ချောင်ယွမ်အား ကိုယ်လုပ်တော်အဖြစ် ကောက်ယူချင်လျှင်ပင် သူ(မ) ကန့်ကွက်လိမ့်မည် မဟုတ်ဟူ၍။

အင်ပါယာအိမ်ထောင်စုများတွင် အမျိုးသမီးများထက် ကောများမှာ ပိုမို၍နည်းပါးပြီး အရာရှိများ၏ အတွင်းအိမ်တော်၏ အပြန်အလှန်အကျိုးပြုမှုအများစုသည် အမျိုးသမီးများ ဖြစ်ကြသည်။ ကောတစ်ယောက်အား သူ၏အဓိကဇနီးမယားအဖြစ် ပေါင်းသင်းခြင်းသည် အလွန်ကသိကအောက်ဖြစ်ဆဲပင်။ ထိုသည်ကို ကျန်းဝမ်ရှန်းတွေးမိပြီး သဘောတူခဲ့ခြင်းဖြစ်သည်။

သူ၏"အပြစ်ရှိခြင်း"အား အခွင့်ကောင်းယူ၍ အကြိမ်အနည်းငယ်ခန့် တမင်တကာ ချောင်ယွမ်နှင့် "တွေ့ဆုံ"ခဲ့သည်။ သူ၏ ရိုးရှင်းသော အဝတ်အစားများသည် သူ၏အလှတရားအား ဖုံးကွယ်မထားနိုင်ပေ။ သူ၏ ပင်ကိုစရိုက်မှာ နာခံတတ်ပြီး လေးစားမှုရှိကာ သူ၏အမူအရာမှာ သိမ်မွေ့လေသည်။ ကျန်းဝမ်ရှန်းမှာ အမှန်တကယ်ကို သူ့အား သဘောကျသည်။ သူတွေးခဲ့သည်မှာ ထိုသူမှာ သူ၏အဓိကဇနီးမယားအဖြစ် မသင့်တော်သော်လည်း အလွန်ကောင်းသော ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လိမ့်မည်ဟုပင်။

သူ မမျှော်လင့်ထားခဲ့သည်မှာ ချောင်ယွမ်သည် သူ၏စေ့စပ်ခြင်းအား ထုတ်ဖော်ကြော်ငြာပြီး မကြာမီမှာပင် အခြားတစ်ယောက်အား လက်ထပ်သွားခဲ့မည်ဟူ၍ပင်။

သူ ယခင်က ယွီသာ့မုန်အား မြင်ဖူးပြီး အကြိမ်အနည်းငယ်ခန့် စီရင်စုမြို့တွင် ထိုသူနှင့်ဆုံဖူးသည်။ ထိုသူသည် အစဉ်အမြဲ ချွေးတလုံးလုံးနှင့် ညစ်ပတ်ပေရေနေကာ ကျန်းဝမ်ရှန်းမှာ ထိုသူ့အား အထင်သေးလေသည်။ ချောင်ယွမ် ယွီသာ့မုန်နှင့် လက်ထပ်လိုက်သည်ဟု သူသိရစဉ်က သိပ်ဂရုမထားခဲ့ပေ။

ပန်းပဲဆရာ၏ ခင်ပွန်းသည်အဖြစ် ကူးပြောင်းလာခြင်းDove le storie prendono vita. Scoprilo ora