🔞🔞

6.6K 85 10
                                    

🌺🌺🌺 ကုသိုလ်များများ ဖမ်းပါ့မယ် 🌺🌺🌺

တစ်နေ့ တစ်နေ့ ကိုယ့်ရှေ့မှာ
ကုသိုလ်လေးတွေဟာ
ပုံစံအမျိုးမျိုးနဲ့ ရောက်ရောက်နေမှာပါ။

ရောက်လာတဲ့ ကုသိုလ်လေးတွေကို
ကိုယ်ကမိသလောက် ဖမ်းထားလိုက်ဖို့ပါဘဲ။

ဒီလိုပါဘဲ.
အကုသိုလ်လေးတွေကလည်း
ကိုယ့်ရှေ့ကို ပုံစံမျိုးစုံနဲ့
ရောက်ရောက်လာနေမှာပါ။

ကိုယ်က အကုသိုလ်လေးတွေကို
မဖမ်းမိဖို့ သိပ်အရေးကြီးပါတယ်။

ပုထုဇဉ်အားလျော်စွာ အကုသိုလ်တွေကို
ဖမ်းမိခဲ့ရင်လည်း ချက်ချင်း ပြန်လွှတ်ပစ်ရမှာပါ။

ဒါဆို လူ့ဘ၀မှာ
ဖမ်းခြင်းနှစ်မျိုး ရှိနေပါလိမ့်မယ်၊
ကုသိုလ်ဖမ်းတာရယ်၊
အကုသိုလ်ဖမ်းတာရယ်ပါ။

သတိရှိတဲ့သူက ကုသိုလ်ကိုဖမ်းပြီး၊
သတိမရှိတဲ့သူက
အကုသိုလ်ကို ဖမ်းတော့တာပါဘဲ။

အကုသိုလ်ဖမ်းမိလို့
အပါယ်လေးပါးရောက်သွားရင်
လူ့ဘဝ တော်တော်နဲ့
ပြန်မရောက်နိုင်တော့ပါဘူး။

အပါယ်လေးပါးက လွတ်ပြီး
လူ့ဘဝကိုပြန်ရောက်ဦးတော့
အကုသိုလ်ကြွေး မကုန်သေးရင်
ထပ်ဆပ်နေရဦးမှာပါ။

အမှောင်လောကထဲကထွက်နိုင်အောင်လို့ပါ 😝😝 မေရဲ့စေတနာတွေပါ

မြို့အုပ်မင်းရဲ့အမုန်းတော်ခံမိန်းမသား or အစေခံဇနီးWhere stories live. Discover now