ဇေယျမင်းမောင် ထွက်သွားတဲ့ထိ နှင်းငယ်တစ်ယောက်ထွက်မလာပေ.. ဇေယျမင်းမောင်လဲ သွားသာသွားရတာ နှင်းငယ်ထွက်ပြေးမှာလဲစိုးရိမ်သည်, သူကားပေါ်တတ်တဲ့ထိ နှင်းငယ်များလာနှုတ်ဆက်မလားဆိုပြီး မျှော်နေပါတယ်.. ဒါပေမဲ့သူမျှော်သလိုဖြစ်မလာပေ..ဒါကြောင့်ငခွေးကိုသေချာလေးမှာခဲ့သည် နှင်းငယ်ကိုသေချာစောင့်ကြည့်ဖို့ အထပ်ထပ်ခါခါမှာထားခဲ့သည်,..
"အရီး ထမင်းဝိုင်းပြင်လိုက်ရတော့မလားဟင်,
"မပြင်သေးနဲ့သမီးရေ ဒီနေ့ဗြိတိသျှမင်းကြီးတွေလာမှာတဲ့ သေရည်နဲ့ကြက်ကြော်လေးပဲ တင်ထားပေးလိုက် အရီးတို့က အခန်းထဲမှာပဲ ပြန်စားမယ်..
"ဟုတ်ကဲ့အရီး
ဒေါ်ပုလဲသူ့သား နိုင်ငံခြားကိုသွားကတည်းက တစ်မှိုင်မှိုက်တစ်ထွေထွေဖြစ်နေတာ၏.. သူမမှာလဲရှားရှားပါးပါးထိုသားလေးတစ်ယောက်သာရှိသည်..
"အဖွားကြီး,လုပ်စရာတွေလုပ်ပြီးပြီးလား..
ဂျက်စမင်တစ်ယောက် မယားငယ်ဖြစ်ပြီး အရှက်မရှိ... ဇေယျမင်းမောင်လစ်တာနဲ့ ဒေါ်ပုလဲကိုနှိပ်စက်ဖို့စတင်ကြံတော့သည်..
"ညည်းက ဘာမို့လဲ ငါ့ကိုအမိန့်လာပေးတာလဲ...
"ကျွန်မက ဘာလဲဆိုတာ ရှင့်လင်ကိုမေးကြည့်လေ ဘာလဲဆိုတာသိရအောင် ,
ဒေါ်ပုလဲ စိတ်ကိုအတတ်နိုင်ဆုံး ထိန်းပြီး လျော့ချလိုက်ကာ
"သွားရအောင် သမီး..
နှင်းငယ်ကိုခေါ်ပြီး ယွန်းခင်နွယ်အခန်းထဲကိုလာခဲ့ကြ၏ ယွန်းခင်နွယ်ကတော့ မြန်မာမိန်းကလေးပီပီ အားတဲ့အချိန်လေးမှာ ချည်ထိုးနေပါရဲ့..
"သမီး အမဆီမှာ နေနေနော် လုံးဝအပြင်ထွက်မလာနဲ့
"ဘာဖြစ်လို့လဲ အရီးရဲ့...
"ဟို သတ္တဝါတွေကလူ့စည်းနားလည်တာမဟုတ်ဘူးကွယ့်.. သမီးယောကျ်ားက Englandကိုသွားတော့ ..အဆင်မပြေလောက်ဘူး..
ဒေါ်ပုလဲပြောတဲ့အထာကိုသဘောပေါက်တာကြောင့် နှင်းငယ် သူမရဲ့အမ အခန်းထဲကိုတံခါးခေါက်ပြီး ဝင်သွားသည်
YOU ARE READING
မြို့အုပ်မင်းရဲ့အမုန်းတော်ခံမိန်းမသား or အစေခံဇနီး
Historical Fictionမြို့အုပ်မင်းရဲ့ဇနီးလောင်းက သူမကြောင့် သေသွားတာကြောင့် သူမကိုလက်ထပ်ပြီး ပြန်ပေးဆပ်ခိုင်းမဲ့ ဇေယျမင်းမောင်