part11

6.2K 161 15
                                    

ရက်တွေကြာလာတာနဲ့အမျှ နှင်းငယ်တစ်ယောက်ထိုအိမ်ကြီးမှာ နေရတာ တကယ့်ငရဲခန်းလိုပင် မချစ်မနှစ်သက်ပဲ တူတူနေထိုင်ခြင်းက နှင်းငယ်အတွက် ရူးစေလောက်အောင် ဒဏ်ရာတွေရလာ၏

"အိပ်မယ်လေ, ဘာလို့ရပ်နေတာလဲအဲ့မှာ,

"ကျွန်မ ဒီနေ့မအိပ်ချင်ဘူး ရှင့်ဘာရှင်အိပ်,.

"မင်းမအိပ်ချင်တိုင်းမအိပ်ပဲနေပေးရအောင် မင်းကဘာမို့လို့လဲ နှင်းငယ်,.

"ကျွန်မက အစေခံလေ,ဒါပေမဲ့ အစေခံဆိုပေမဲ့ ရှင်ကြိုက်တာလုပ်ချင်တိုင်းလုပ်လို့ရမဲ့အစေခံမဟုတ်ဘူးနော်..

ဇေယျမင်းမောင်တစ်ယောက် ပိုချစ်လာလေ ပိုပြီးသူမကို သူ့နားမှာထားချင်လေပဲ , အရမ်းမုန်းတဲ့လူတစ်ယောက်ကို ချစ်မိသွားတဲ့ချိန်က ..အရမ်းသဘောကျတဲ့လူကိုချစ်သွားချိန်နဲ့ လုံးဝမတူပေ..ပီုမုန်းလေ မုန်းတဲ့အတိုင်းတာအလျောက်ပိုချစ်မိလေပဲ မုန်းတာနက်ရှိုင်းလေ ခ်စ္တာက ပိုနက်ရှိုင်းလေပဲ..နှင်းငယ်ရဲ့စိတ်ထဲရောအတွေးထဲရောကတော့ ဇေယျမင်းမောင်ဆိုတာက သူမအတွက် မကောင်းဆိုးဝါး သာသာ သာရှိသည်,.

"ဒီမှာလာခဲ့ ငါမင်းကိုဘာမှမလုပ်ဘူး,

"ကျေးဇူးပြုပီးတော့ ကျွန်မနဲ့ဝေးဝေးနေပေး,ရှင့်နဲ့တူတူအိပ်ဖို့တောင် ကျွန်မစိတ်ထဲမသန့်လို့။

ဇေယျမင်းမောင် အိပ်ယာကနေထလာပြိး သူမကို ကပ်လာသည်

"မင်းချစ်သူကိုလွမ်းနေလို့လား, အေး..လွမ်းတယ်ဆိုရင်လဲခေါင်းထဲကနေအပီးထုတ်လိုက်တော့, ငါကမင်းလင်ဖြစ်နေပြီး ဒီဘဝရော နောင်ဘဝရော မင်းလင်ပဲဖြစ်နေဦးမှာ,

"ဒီဘဝမှာ ဝဋ်ကြွေးရှိလို့ ကျွန်မခံရတယ်ပဲသတ်မှတ်လိုက်မယ်,. ရှင့်ကိုလေ မုန်းလွန်းလို့ပြောစရာစကားတောင်မရှိတော့ဘူး အရမ်းရွံတယ် သိလား..အင့်..

ဇေယျမင်းမောင် သူမရဲ့နှခမ်းပေါ်ကို နူးညံ့တဲ့အနမ်းတစ်ပွင့်ခြွေလိုက်တာကြောင့် နှင်းငယ်တစ်ယောက် ကျက်သီးတွေပါထလာ၏..

"ငါလဲမင်းကိုမုန်းတယ်, မင်းမုန်းတာထပ်ပိုမုန်းတယ်,.အရမ်းလဲရွံတယ်..(မင်းရဲ့အမုန်းတွေ ကိုယ်ဘယ်လိုမချစ်အဖြစ်ပြောင်းပေးရမလဲ နှင်းငယ်ရယ်။ပါးစပ်ကသာ မုန်းတယ်ဆိုနေတာ ဇေယျမင်းမောင်ရဲ့ရင်ထဲမှာတော့ အချစ်စကားတွေဆိုနေသည်..

မြို့အုပ်မင်းရဲ့အမုန်းတော်ခံမိန်းမသား or အစေခံဇနီးWhere stories live. Discover now