part 12

273 10 0
                                    

ဆံမြတ်ချ လှပါပေ့....🌻

အပိုင်း(၁၂)

"ဖြစ်မှဖြစ်ရလေ မသင်းရယ် ညိုလည်းသိသိချင်း လိုက်လာခဲ့တာပဲ သိတဲ့အတိုင်း ရွာနဲ့ဒီကအလှမ်းဝေးတော့ လာချင်တိုင်း ချက်ချင်းမရောက်နိုင်ဘူးလေ "

ကိုမြလွင်၏ညီမဖြစ်သူ ညိုမြမှ စစ်ထွေဘက်မှရွာတစ်ရွာတွင် သူ့မိသားစုနှင်းနေထိုင်သူဖြစ်သည်

ညိုမြ၏စကားကို ဒေါ်သင်းသင်းမှ ပတ်လက်အိပ်‌ေနရင်း သူမဘက်ခေါင်းစောင်းကြည့်ကာခေါင်းညိ
တ်၍တုံ့ပြန်ရှာသည်။

""မေသင်းကြိုင် ငါ့တူမ နင်ကျောင်းရောတက်ဖြစ်ရဲ့လား"

ဒေါ်သင်းသင်းခြေရင်းတွင်ထိုင်ဆနသည့် မေသင်းကြိုင်အား လှည့်မေးလာသည့် ညိုမြအား မေသင်းကြိုင်မှခေါင်းလေးခါပြရှာသည်။

"ကျောင်းမတက်တာပဲကောင်းပါတယ်အေ မဟုတ်ရင် မသင်းလေးဖြတ်တာနဲ့ နင်ပါကျောင်းတက်နေရင်ပိုအခက်တွေ့မှာပေါ့ ဟင်း..."

ညိုမြမှသက်ပြင်းချလိုက်ကာ ဘုရားစင်နှင့် အိမ်ဘေးပတ်ပတ်လည်ကို လိုက်ကြည်‌့နေ၏။

မေသင်းကြိုင်ကတော့ ရွှေဆွဲကြိုး၊ရွှေလက်စွပ် ၊ရွှေလက်ကောက် သုံးလေးကွင်းကိုလက်နှစ်ဖက်ပြိုင်ဝတ်ထားသည့် သူမအဖေ၏ညီမဆိုသူကို တခါမျှမတွေ့ဖူး၍ ကြည့်လို့နေသည်။

ဒေါ်သင်းသင်းကတော့ သူမရှေ့မှ အိမ်ကိုဆုံချည်ဆန်ချည်လိုက်ကြည့်နေသော ညိုမြကိုကြည့်၍ စိတ်ပူနေမိသည်။

ညိုမြသည် ‌ကိုမြလွင်၏ညီမဆိုသလို အပျိုတုန်းကတည်းက လောင်းကစားမက်သူဖြစ်သည်။

ရည်းစားကိုလည်း ထည်လဲတွဲကာ အသက်ဆယ့်ခုနှစ်မှာတင် လင်နောက်လိုက်ပြေးခဲ့သည်။

ထိုချိန်က ကိုမြလွင်နှင့် မသင်းသင်းတို့ အိမ်ထောင်နှစ်နှစ်ပြည့်ပင်ရှိသေး၏။

ညိုမြသည် သူ့ယောက်ျားဖြစ်သူ အောင်မိုးနှင့်စစ်ထွေဘက်ကိုလိုက်လို့သွားသည်။

နောက်ပိုင်းကြားရသည့် ညိုမြသတင်းတွေ‌ကတော့ ချဲကြွေးနှစ်လုံးကြွေးတွေနှင့် သူ့ယောက်ျားမှာလည်း အစက သူ့ကို ပိုက်ဆံကြိုးစားရှာပေးရှာပေမယ့် နေုက်ပိုင်း‌တွင်တော့ အောင်မိုးလည်း လုပ်သလော‌က် သူများအကြွေးပဲဆပ်နေရ၍ အလုပ်မလုပ်တော့ဘဲ အရက်သမားဘဝ၌သာပျော်မွေ့လိုက်တော့သည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now