part 19

284 13 1
                                    

ဆံမြတ်ချ လှပါပေ့....🌻

အပိုင်း(၁၉)

ငုဝါခိုင်သည် ရုံးပိတ်ရက်တိုင်း ထူးသာ အလုပ်ဆင်းချိန်ညနေပိုင်းဆို ထူးသာဆီရောက်လာတက်သည်။

‌အလုပ်ကနေ ထူးသာအား ကားဖြင့်ခေါ်ကာ တစ်ဆိုင်ဆိုင်တွင် မုန့်စားတက်ပြန်သည်။

"မောင်...."

"အင် ပြောလေ မ..."

မျက်နှာချင်းဆိုင်ထိုင်နေကြသူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် အပြုံးပန်းဝေဆာစွာကြည့်နေမိကြသည်။

"မောင် ကျောင်းပြီးရင်လေ မတို့ ကုမ္ဘဏီမှာပဲဝင်လုပ်နော် မ ပြောပေးမယ် အလုပ်ရပြီး သုံးလေးနှစ်လောက် ဆို မောင်လည်း ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုလုပ် အ
ဲ့ချိန်ကျ မတို့နှစ်ယောက်တူတူဘဝတစ်ခုတည်ဆောက်ကြမယ် ဘယ်လိုလဲဟင် မောင်"

ငုဝါခိုင်မှ အားတက်သရော လက်ဟန်လေးများဖြင့်ရွှန်းရွှန်းစာစာပြောနေချိန် ထူးသာမှာ ငိုင်ကျသွားလေသည်။

ထူးသာမျက်နှာပျက်သွားသည်ကို ကြည့်ကာ ငုဝါခိုင်မှာ အလိုမကျစွာမျက်မှောင်ကြုတ်၍

"မောင့်မျက်နှာကဘာဖြစ်တာလဲ ဘာလဲ မပြောနေတာတွေကိုဂရုမစိုက်တဲ့သဘောလား"

ထိုခါမှ ထူးသာမှာ သူမကို လေးလေးနက်နက်စိုက်ကြည့်လာကာ

"မောင်စိတ်ပူတယ် မ....မရဲ့မိဘတွေက မောင့်လိုတစ်ကောင်ကြွက်ကို သမက်တော်ချင်ပါ့မလား မနဲ့သဘောတူနိုင်ပါ့မလား"

"အော် ဘာများလဲလို့ မောင်ကလဲ ကြံဖန်တွေးပူနေပြန်ပါပြီး အဲ့အတွက်ဘာမှမပူနဲ့ မက တစ်ဦးတည်းသောသမီး မာမီနဲ့ဒယ်ဒီက မ ကိုသိပ်အလိုလိုက်တာ မ‌ ပြောရင်တစ်ခွန်းပဲ မ သေချာပြောပြရင် မာမီတို့လက်ခံမှာပါမောင့်ရဲ့ တွေးပူမနေနဲ့"

ဟုဆိုကာ ချစ်သူ၏ လက်ဖဝါးကို ဆွဲယူ၍ ထွေးကိုင်လိုက်ပြီး အားပေးပြုံး ပြုံးပြလိုက်မှ မောင်က ခပ်ယဲ့ယဲ့ပြုံးပြရှာသည်။

သူမက‌ိုယ်တိုင်လည်း မောင့်ကိုစိတ်မပူဖို့ပြောနေပေမယ့် သူရနေဝန်းနဲ့ သဘောတူနေသည့်မိဘတွေအကြောင်းတွေးမိစဉ် စိတ်မောသွားရပေမယ့် ဘာပဲဖြစ်ဖြစ် သူမတို့နှစ်ယောက် အခြေအနေတစ်ခုထိရောက်အောင်ကြိုးစားပြီး မာမီတို့လက်ခံလာမှာပါ ပြီးတော့ မာမီတို့မှာ ဒီသမီး‌တစ်ယောက်ပဲရှိတာမို့ သူမ ဘက်က မရမက ပြောရင် လက်ခံလာမှာပဲဟုအပြည့်အဝယုံကြည်ထားသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now