part 18

305 11 0
                                    

ဆံမြတ်ချ လှပါပေ့....🌻

အပိုင်း(၁၈)

ရက်တွေလတွေပြောင်းလဲလာတာနှင့်အမျှ ဒေါ်သင်းသင်း၏ကျန်းမာရေးမှာလည်း ကောင်းလာခြင်းမရှိဘဲ အိပ်ယာပေါ်မှာပက်လက်အနေအထားဖြင့်သားရှိလို့နေသလို ဆေးကုသရန်လည်း အများကြီးမတက်နိုင်တာမို့ ထူးခြားလာခြင်းမရှိခဲ့ပါ။

ထူးသာတစ်ယောက်တည်း၏ဝင်ငွေကိုမှီခိုနေရတာမို့ စားဖို့ နှင့် မဖြစ်မနေ‌လိုအပ်သည့်ဆေးဖိုးလောက်သာ လောက်ငံ့လေသည်။

မေသင်းကြိုင်မှာလည်း အရင်ကထက်ပင်ပို၍ တိတ်ဆိတ်နေကာ စကားပင်မပြောတော့ပေ။

ထို့နည်းတူ ငုဝါခိုင်မှာလည်း သူမ အတွက်စိတ်မသန့်သော်ငှားလည်း မောင်က တစ်ပတ်တစ်ခါခေါ်နေ၍ အားနာနာနှင့်ပင် ‌မောင့်မွေးစားအမေဆီသို့လိုက်နေရစမြဲပင်။

မောင့်ကိုစိတ်ချမ်းသာစေချင်လို့သာ သူမပြုံးနေပေးခဲ့ပေမယ့် လက်တွေ့မှာ တော်တော်လေးသည်းခံနေရပါသည်။

သူမအတွက် မသတီသည့် မြင်ကွင်းတို့ကိုမြင်ရသည့်အခါ နှလုံးအိမ်က အဆင်မပြေသလို စိတ်တွေလည်းနောက်ကျိနေရသည်။

သို့သော်ဟန်ဆောင်ကြိတ်မှိတ်ကာ မောင့်ပျော်ပါစေအလို့ငှာ ပြုံးထားပါသည်။

"မိကြိုင်ရေ ဒီမှာ ငါ့ရဲ့မ ပါလာတယ် မနေ့ကဝယ်လာတဲ့လိမ္မော်‌ရည်လေး ခွက်ထဲထည့်ပြီးယူလာခဲ့ပေးအုံး"

ထူးသာမှ နံရံနားကပ်ရပ်နေသည့်မေသင်းကြိုင်အားပြောလိုက်ရာ မေသင်းကြိုင်မှ ခေါင်းညိတ်ပြကာ အိမ်နောက်ဘက်ဝင်သွားသည်။

ထို့ချိန် သူ့လက်အားချစ်သူဖြစ်သူမှ ကိုင်လိုက်တာမို့ သူမအားလှည့်ကြည့်လိုက်ချိန် အားတုံအားနာဟန်မျက်နှာလေးဖြင့် သူရဲ့မမှ

"နေပါစေမောင်ရယ် မ မသောက်တော့ပါဘူး"

"မဟုတ်တာ ဒီနေ့ မ စာဖြေလာရတာ ပင်ပန်းနေမှာသိတယ် အဲ့ဒါကြောင့် သောက်လိုက်နော်"

"အင်"

သူမက ခေါင်းညိတ်ပြလိုက်ရာ ထူးသာမှသူမအား
ပြုံးကြည့်ရင်း တစ်ရှူးဖြင့်ဒေါ်သင်းသင်း၏သွားရည်များကိုလှမ်းသုတ်ပေးသည်။

ဆံမြိတ်ချ လှပါပေ့.....Where stories live. Discover now