အပိုင်း ၆

3.3K 115 0
                                    

"အောက်အီးအီး..အွတ်"

"တုံ.. တုံ..တုံ..တုံ..တုံ"

လင်းကြက်တွန်သံနှင့်အတူ အာရုဏ်တက် တုန်းမောင်းခေါက်သံက ရွာဦးကျောင်းမှပျံ့လွင့်လာလေသည်။နွေရာသီဖြစ်သဖြင့် အရှေ့ကောင်းကင်ယံတွင် ရောင်နီသန်းနေလေပြီ။ဝီရိယရှိသူတို့၏ အလုပ်ခွင်ဝင်ရန်ပြင်ဆင်နေမှုကြောင့် ရွာလေးက ဆိတ်ငြိမ်နေရာမှာ အသက်ဝင်လာသယောင်။

ကျေးငှက်သံ တဆာဆာကြား အရှေ့အရပ်ဆီမှ ဥသြငှက်ငယ်၏အသံက ဆွေးတမြေ့မြေ့။သဝဏ် အိပ်ယာမှထကာအကြောဆန့်လိုက်သည်။ထို့နောက် ကုတင်ပေါ်မှဆင်းကာ ပြတင်းတံခါးအားဖွင့်လိုက်၏။နံနက်စောစောလေညှင်းက မျက်နှာအနှံ့အလုအယက် တိုးဝင်လာလေရာ
မျက်ဝန်းတို့ကိုခေတ္တမှေးမှိတ်ထားမိသည်။

လတ်ဆတ်သောလေကို အပြည့်အဝရှူသွင်းလိုက်တော့ ဦးနှောက်တစ်ခုလုံးလန်းဆန်းသွားလေသည်။မနေ့ညက စောစောအိပ်လိုက်၍ထင်သည် မနေ့က မအီမသာဖြစ်မှုနှင့် မူးဝေမှုတို့က အနည်းငယ်မျှပင်မရှိတော့။
ထို့နောက် သဝဏ့်အတွေးတွေက နံနက်ခင်းလေညှင်းနှင့်အတူ ဟိုသည်ပျံလွင့်သွားလေသည်။

သဝဏ့်မိခင်မှာ တမာတန်းရွာသူဖြစ်ပြီး
တခြားမြို့နယ်မှ ရွာသို့တာဝန်ကျသော
ကျောင်းဆရာဖြစ်သူ အဖေနှင့်အကြောင်းပါခြင်းဖြစ်သည်။ထို့နောက်မှ သျှောင်နောက်ဆံထုံးပါကာ ခင်ပွန်းသည်တာဝန်ကျရာနောက်သို့လိုက်ရင်း သဝဏ် ဆယ်တန်းနှစ်မှ ယခုနေသည့်မြို့သို့ အခြေချခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ၏အသွန်သင်ကောင်းမှု မိခင်ဖြစ်သူ၏စည်းကမ်းရှိမှုတို့ကြောင့် သူ့ဘဝငယ်စဥ်ကတည်းက လိမ္မာသောကလေးအဖြစ် တွေ့ဖူးသူတိုင်းအသိမှတ်ပြုကြလေသည်။ထို့ပြင် ကျောင်းစာမှလွဲ၍ မည်သည့်အရာကိုမှစိတ်ဝင်စားမှုမရှိခြင်းကြောင့် ပတ်ဝန်းကျင်နှင့် အနည်းငယ်စိမ်းသက်လေသည်။

သူငယ်ချင်းဟူ၍လည်း ကလေးဘဝကတည်းကပေါင်းသင်းခဲ့ဖူးသော နွေကံ့ကော်နွယ် ဟူသော သူငယ်ချင်းမလေးသာရှိသည်။ကလေးဘဝမှ ကျောင်းဆရာဖြစ်သည့်တိုင်အောင် အတူဖြတ်သန်းခဲ့ခြင်းကြောင့်
မောင်နှမရင်းခြာများထက်ပင် ရင်းနှီးလေသည်။ထို့ကြောင့်လည်း အရွယ်ရောက်ပြီးနောက် နှစ်ဖက်မိဘများ၏သဘောတူညီမှုဖြင့် လက်ဆက်ဖို့အထိပင် ကြောင်းလမ်းပြီးသားဖြစ်သည်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now