အပိုင်း ၁၁

8.4K 313 4
                                    

"အဆင်ပြေရဲ့လားဥဥ နေပူလား၊ ခြေထောက်ညောင်းနေပြီလား ရွာကထန်းတောနဲ့နည်းနည်းလေးဝေးတယ် ပင်ပန်းရင် ခဏနားကြမလား"

"ငါကယောကျ်ားလေးပါကွာ ဒီလောက်ကတော့လျှောက်နိုင်ပါတယ် "

"အေးလေ ဒီကောင်ပိုကိုပိုလွန်းတယ်"

တစ်လမ်းလုံး ကိုသဲသဲပိုလုပ်နေသူကြောင့် မြို့သားလေးရီမိသလို ဟိုသုံးကောင်ကမျက်စောင်းတထိုးထိုး။ထန်းတောသွားရအောင်ဆိုပြီးလာခေါ်လို့ အဟုတ်မှတ်နေတာ။ကိုကျွဲထန်းတောမဟုတ်ဘဲ အိမ်ကထန်းတောကို ထန်းသီးချိုင် လိုက်ပေးရမယ်တဲ့။

သူ့လူကကြိုက်လို့ဆိုပဲ။​တော်တော်တရားတဲ့ကောင်။ပြီးတော့ အလွန်ဆုံးလမ်းလျှောက်ရမှ နာရီဝက်ပေါ့။ဒါကို တစ်လမ်းလုံး တတွတ်တွတ်မေးနေတာ မောပြီလား၊ ရေဆာလား၊ နေပူလားနဲ့။လွယ်ထားတဲ့ လွယ်အိတ်ထဲလည်း ရေဘူးတွေရော မုန့်တွေရော။မသိရင် ကလေးထိန်းထွက်နေရသလိုပဲ။ဒီလောက်ဖြစ်နေရင် ပွေ့သာထားတော့လို့ပြောရင်လည်း အဟုတ်မှတ်ပြီးတကယ်ပွေ့မယ့်ကောင်။စိတ်လေတယ်။

"ဟ မင်းတို့ငါတို့ခြေထောက်တွေက မွေးကတည်းက ဖိနပ်မပါဘဲသွားနေကျ ဆူးတောင်တိုးမပေါက်တော့ဘူး ဥဥကမတူဘူး ကတ္တီပါဖိနပ်စီးပြီးကတ္တရာလမ်းပေါ်လျှောက်နေကျကွ ခယောင်းလမ်းလျှောက်ရတာလွယ်မယ်ထင်နေလား"

"ဒီငါ...မဆဲချင်သေးဘူးနော်ငဘုန်း"

"မှန်တာပြောတော့မခံနိုင်ဘူး တစ်ချို့တစ်ချို့တွေများ အံသြပါ့"

" ကဲ တော်ကြပါတော့ကွာ"

"ကိုသဝဏ်တွေ့တဲ့အတိုင်းပဲ သူကအဆဲခံချင်နေတာ"

"ငါပြောတာမမှန်လို့လား"

"တော်ပါတော့ဆို ဒါနဲ့ ဟိုဘက်တောင်​ပေါ်က ဘာပင်တွေလဲ"

မြို့သားကဖြန်ဖြေရင်း အနောက်ဘက်တောင်ရိုးသို့လည်း လက်ညှိုးထိုးပြီးမေးသည်။

"အဲ့တာအင်ကြင်းပင်တွေလေဥဥရဲ့ ခုချိန်ပန်းတွေပွင့်နေပြီ အရမ်း​မွှေးတာ နောက်နေ့လိုက်ပို့မယ် အဲ့တောင်ရိုးအောက်ခြေက သရက်သီးတွေလည်း ကြီးနေလောက်ပြီ သုပ်စားရင်အရမ်းကောင်းတာ"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now