အပိုင်း၁၀

6.5K 285 34
                                    

Uni

    စံကောင်းမွန်အား စဥ်းစားပေးမည်ဟုပြောလိုက်တဲ့နေကစလို့စံကောင်းမွန်က တခေတ်ခွန်းကိုအရင်ကထပ်ပိုကပ်လာပြီးပိုလဲပါးစပ်ကနေချစ်ကြောင်းတွေပြောလာတတ်သည်။အိမ်မှာကသူ့ဦးလေးကသိပ်မရှိတတ်တာကြောင့်တော်သေးသည်။မဟုတ်ရင်လူကြီးရှေ့ရှက်နေရအုံးမည်။

" သူဌေးကတော် သူဌေးမင်းကသူဌေးကတော်ဖို့ အင်္ကျီအကောင်းစားတွေမှာပေးထားတယ်။ "

" သူဌေးကတော် လာကြည့်ပါအုံး သကြားလုံးပါကင်ဘူးတွေရောက်နေတယ် "

" သူဌေးကတော် "

" သူဌေးကတော် "

" အားးး ဘယ်တော့မှငါ့ကိုခေါ်နေတာရပ်မှာလဲ!!! "

   အလုပ်ကလေးတစ််ရက်နားလို့အိမ်နောက်ဖေးမီးဖိုချောင်ထဲဝင်ကာ ဟင်းချက်လက်စွမ်းတွေပြနေရင်းအိမ်ရှေ့ဘက်ကတေဇနဲ့ဇော်လင်းရဲ့ခနခန သူဌေးကတော်ဟုထပ်နေအောင်ခေါ်နေတာကြောင့်တခေတ်ခွန်းခင်မျာနားတွေညီးကာနောက်ဆုံးပိတ်ပင်အော်လိုက်တာ ဘေးကသု့သု့တို့ပါလန့်ကုန်သည်။

" ဟိုသေနာလေးက တော်တော်ပိုက်ဆံပေါနေလားမသိဘူး သွားပြောအုံးမယ် "

   တခေတ်ခွန်းကကြိမ်းမောင်းရင်း ဓားကြီးကိုင်ကာအပေါ်ထပ်တက်သွားတာကြောင့်သု့သု့နဲ့သူ့အမေခင်မျာတစ်ယောက်မျက်နှာသာတစ်ယောက်ကြည့်မိသည်။

" စံကောင်းမွန် မင်းတော်​တော်အားနေလား ဟမ်!! "

" ပိတ်ရက်ဆိုတော့အားပါတယ် ၊ ဘာဖြစ်လို့လဲ။ "

" ဘာဖြစ်ရမလဲ အိမ်ရှေ့မှာမင်းမှာထားတဲ့ပစ္စည်းတွေရောက်နေတယ် ငါ့ကိုခနခနခေါ်နေကြတာနားမဒိန်းကျင့်နေတာလား။ "

" လူကိုဘဲမုဒိန်းကျင့်ချင်တာ..."

" မင်း!! အိမ်ပေါ်ကနေ မှာနေတာကိုရပ်လိုက်တော့ ပိုက်ဆံတအားပေါနေရင်ငါတို့ရွာလမ်းကလမ်းကိုကွန်ကရစ်သွားလောင်းနေ။ "

" အင်း ကောင်းပြီလေ "

  စံကောင်းမွန်ကတခေတ်ခွန်း အပြောကိုခေါင်းတငြိမ့်ငြိမ့်ဖြင့်လုပ်ကာ ကျွန်းစားပွဲကြီးပေါ်ကကြိုးဖုန်းလေးအားလှမ်းကိုင်ကာဂဏန်းတစ်ခုအားရိုက်နှိမ့်လေသည်။တခေတ်ခွန်းက ဘာလုပ်နေလဲသိချင်နေတာကြောင့်ရပ်ကြည့်နေရင်း စံကောင်းမွန်ဆီကထွက်လာတဲ့စကားကြောင့်မျက်လုံးလေးပြူးသွားသည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now