အပိုင်း၁၉

5.7K 262 60
                                    

Uni

" မင်းငါ့ကိုပြန်ချစ်ပေးပါလား "

   တခေတ်ခွန်းမျက်လုံးလေးတွေကပြူးကျယ်သွားပြီး ဒီအခြေအနေမှာရုန်တရက်ဖွင့်ပြောခံလိုက်ရတာကြောင့်သူရဲ့အပြုအမူကချက်ချင်းပြောင်းလဲကာရှက်သွေးဖြာလာသည်။သူ့စိတ်တွေကိုစံကောင်းမွန်မနာကျင်ဖို့ထုတ်ပြသင့်ပြီထင်တယ်။

" ငါ...ငါ..."

" ငါသာငါ့အဖေလိုဖြစ်သွားခဲ့မယ်ဆိုငါကိုယ့်ကိုကိုယ်သတ်သေလိုက်မှာ ငါချစ်တဲ့လူကငါပြန်မချစ်မှတော့ငါကလူလောကမှာနေနေဖို့လိုနေသေးလို့လား ငါချစ်တဲ့လူတောင်ငါ့ကိုပြန်မချစ်နိုင်ရင်တစ်ခြားလူတွေကငါ့ကိုချစ်နိုင်ပါအုံးမလား။ "

   စံကောင်းမွန်မျက်နှာကအတော်လေးဖြူဖျော့နေလေသည်။သူဟာရှေ့ဆက်ဖို့အတွက်အားမရှိတော့သလိုပုံမျိုးပင်ဖြစ်နေလေသည်။

" ကျေးဇူးပြုပြီး ငါ့ရဲ့ကြောက်စိတ်တွေကိုမင်းဖယ်ရှားပေးနိုင်မလား ဒါမှမဟုတ်ငါ့ရဲ့ကြောက်စိတ်တွေကိုပိုပြီးကြီးမားလာအောင်လုပ်မှာလား။ "

" ငါ...ငါမင်းကိုဘယ်တော့မှကြောက်စိတ်တွေကြီးမားအောင်မလုပ်ဖူးစံကောင်းမွန် "

" ဒါဆို..."

" ငါမင်းကို...ငါမင်းကို ချစ်တယ်။ "

   ကြားချင်တဲ့စကားကိုကြားလိုက်ရချိန်မှာစံကောက်းမွန်မိက်လုံးတွေကပြူးကျယ်သွားလို့သူ့နှလုံးခုန်သံတွေကရပ်တန့်သွားသည်။သူ့ရဲ့နှလုံးစိတ်ထဲမှာမွေးစားအဖေဖြစ်သူကြောင့်ရလာတဲ့ကြောက်စိတ်တွေဟာ တဖြေးဖြေးနဲ့လျော့ပါးသွားသလိုသူကခံစားနေရလေသည်။

" မင်းရဲ့ကြောက်စိတ်တွေကိုငါဖယ်ရှားပေးပါ့မယ် အခုကစပြီးမင်း​ကြောက်နေစရာမလိုတော့ပါဘူး "

" ငါမင်းကိုနမ်းလို့ရမလား။ "

   တခေတ်ခွန်းကဘာမှမပြောမိဘဲမျက်လုံးစုံမှိတ်ချပေးလာတော့ စံကောင်းမွန်ကသဘောတကျပြုံးရယ်မိကာ တစ်ဖက်လူမျက်နှာနားတိုးကပ်သွားလို့ နှုတ်ခမ်းတွေအစား သူကစံပယ်တင်မှဲ့လေးတည်ရှိတဲ့ပါးပြင်လေးကိုသာနမ်းရှိုက်လိုက်သည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)حيث تعيش القصص. اكتشف الآن