အပိုင်း၂၀

5K 248 94
                                    

Uni

    အလှူပထမရက်ကအတော်လေးကြီးကြီးကျယ်ကျယ်ဖြစ်သည်။သု့သု့တို့ပြောသလောက်ဆိုစံကောင်းမွန်ကအလှုအတန်းတအားရက်ရောတတ်ပြီးကိုယ်ကိုယ်တိုင်လှူရင်လဲကြီးကြီးကျယ်ကျယ်လှူတတ်သည်လို့ဆိုသည်။

    အကုန်လုံးကပါဝင်ကူညီကြပြီးတော်တော်လေးစည်ကားလေသည်။ပထမရက်ကိုထမင်းဟင်းကျွေးပြီးကြီးကြီးကျယ်ကျယ်လုပ်ခဲ့ပေမဲ့ နောက်ရက်တွေမှတော့ မြန်မာမုန့်တွေကိုသာလုပ်ပြီးဝေကြလေသည်။

    ထိုအလှူကြီးအပြီးမှာတော့ တခေတ်ခွန်းလဲဂျုန်းဂျုန်းကျသွားလေသည်။အလှူမှာလူတိုင်းပင်ပန်းခဲ့ကြသည်။သူ့ကိုစံကောင်းမွန်ကဘာမှလိုက်မလုပ်ခိုင်းပေမဲ့သူကလုပ်ချင်ခဲ့တာကြောင့်အလှူကြီးအပြီးမှာသူကိုယ်လက်တွေနာကျင်နေလေပြီဖြစ်သည်။

   အလှူကပျော်ဖို့ကောင်းတာကြောင့်သူကအဲ့တုန်းကတက်ကြွနေခဲ့ပေမဲ့အခုတော့မတူတော့ပါ။

" ကိုယ်နဲ့မဆိုင်တာတွေမလုပ်ပါနဲ့လို့ပြောတာကိုနားမှမထောင်တာ တော်တော်အကြောတင်းနေတယ်ပေါ့လေ "

" အင်း "

" ဘယ်နားလဲ နှိပ်ပေးမယ် "

   ကျွန်းထိုင်ခုံရှေ့ပေါ်လှဲနေတဲ့တခေတ်ခွန်းနားစံကောင်းမွန်ကရောကမလာကာအတည်ပေါက်ကြီးပြောပြီး ဆူငေါက်မည့်ပုံဖြင့်မဆူဘဲနှိပ်ပေးမည်တဲ့လေ။

" ရပါတယ် ရက်နည်းနည်းကြာရင်ပျောက်သွားမှာပါ အလှူကလဲစုပေါင်းလုပ်ရင်ပျော်စရာကောင်းလို့ဝင်လုပ်ရုံဘဲ "

" ငြိမ်ငြိမ်နေအုံး "

" ဘာလုပ်မလို့လဲ မနှိပ်ပေးနဲ့ရတယ်စံကောင်းမွန် မင်းဘုန်းနိမ့်နေမယ် "

" မင်းရုန်းပြီးကိုယ့်ကိုကန်မိရင်သာကိုယ်ဘုန်းနိမ့်မှာ ဒါကြောင့်ငြိမ်ငြိမ်နေပါ "

    စံကောင်းမွန်ကတခေတ်ခွန်းခြေထောက်ဆင်းထားရာနေရာမှာဝင်ထိုင်လို့တခေတ်ခွန်းရဲ့ခြေထောက်ဖွေးဖွေးသေးသေးလေးတွေအားသူ့ပေါင်ပေါ်တင်ကာသူ့လက်ကြီးကြီးတွေဖြင့်ဖိကာနှိပ်ပေးလာလေသည်။

သူဌေးမင်းရဲ့အချစ်တော် (ongoing)Where stories live. Discover now