ခြံစောင့်မာလီဦးလေးကြီး

3.7K 23 2
                                    


Unicode

"မိမြ နင့်ယောက်ျားကို ကြည့်ပြောထားနော် ပြီးတော့မှ ငါ့အဆိုးမဆိုနဲ့ "

မေမေရဲ့စကားကို ထမင်းချက် ဒေါ်မြ မျက်နှာလေးငယ်ကာ မေမေကိုတောင်းပန်ရှာသည်။ လင်မယားနှစ်ယောက်လုံး တစ်အိမ်ထဲမှာ နေစား စရိတ်ညိမ်းနေရပြီး နယ်က သူ့သားသမီးတွေကို ထောက်ပံ့ပေးနေကြတာလေ ။ အခု မေမေဆူနေတာလဲ ဒေါ်မြရဲ့ယောက်ျား ဦးထွားမောင်ရဲ့ အရက်သောက် တဲ့ အကျင့်ကိုပါ ။ ပုံမှန်ဆိုလက်ခံနိုင်ပေမဲ့ ညဘက် အိမ်ကို စောင့်ရမှာကို သူက မူးနေတော့ မေမေ ပြောရတာပါ။

ဦးထွားမောင်နဲ့ ဒေါ်မြဆိုတာ အခုမှသူတို့အိမ်ကိုပြောင်းလာတာမဟုတ်ပဲ ဖိုးပြည့် ကလေးဘဝထဲကဒီအိမ်မှာအလုပ်လုပ်လာခဲ့တာ ။ ဖိုးပြည့်တောင်အခုဆို ဆယ်တန်းဖြေထားတယ်မဟုတ်ပါလား ။သူတို့ရဲ့ အကျင့်စာရိတ္တ ကောင်းမွန်တော့ ဖေဖေရောမေမေကပါ စိတ်ချလက်ချနဲ့ သူတို့ကိုမျက်နှာလွှဲတတ်သည်။ အတူနေလာတာကြာတဲ့တလျှောက် ဘာမှပြဿနာမဖြစ်တော့ အဆင်ပြေသည်။ ပြေဆို ဒေါ်မြကလဲ အေးသလို ဦးထွားမောင်ကလဲ ရေခဲတုံးဖင်ခုထိုင်နေသည့်အလား။အရက်ကို လွန်လွန်မင်းမင်းသောက်တာလေးတစ်ခုပဲရှိတာ ။ဒါကြောင့်လဲ မေမေက သူ့ဒေါ်မြကိုပါ ပြောဖို့ပြောတတ်သည်။ ဒါပေမဲ့ ဒီလိုစကားတွေက အခုမှပြောတာမဟုတ် အရင်ကတည်းကဆိုတော့အထွေအထူးကြီးတော့မဟုတ်တော့ပေ ။

"ဖိုးပြည့်လေး သားမေမေကြီးကခေါ်ခိုင်းလိုက်တယ် "

အခန်းထဲမှာ TV Game တိုက်နေတဲ့ ဖိုးပြည့်ကိုဒေါ်မြလာခေါ်၍ ဖိုးပြည့် ဆင်းလာခဲ့ရသည်။

အထွေအထူးကြီးတော့မဟုတ်ပေ ။ဒေါ်မြရဲ့ရွာကို သူတို့သွားကြမလို့ဖြစ်သည်။ ဒေါ်မြရွာဆိုပေမဲ့ဖေဖေတို့ရဲ့ဇာတိဆိုလဲမမှား ။ ဒေါ်မြတို့က ဖေဖေတို့နဲ့ရပ်ဆွေရွာမျိုးဖြစ်တာမို့ ပိုပြီးအဆင်ပြေတာဖြစ်မည်။

"အဲဒါ သာလိုက်ခဲ့မလား မလိုက်ချင်လဲ နေခဲ့လေ "

"သားအိမ်မှာတစ်ယောက်ထဲနေရစ်ခဲ့ရမှာပေါ့ "

"သားနေရစ်ခဲ့မယ်ဆိုရင် ကိုထွားမောင်ကို ထားရစ်ခဲ့ရမှာပေါ့ "

အတိုအထွာလေးများ🔞🔞🔞 (os)Där berättelser lever. Upptäck nu