ဝမ်ကွဲ ယောက်ဖ

2.2K 17 1
                                    


Unicode

မင်းခန့်တစ်ယောက် စိတ်မပါပဲဆိုင်ကယ်ကို စက်နှိုးလိုက်သည်။အမှန်ဆို မင်းခန့် အပြင်သွားရတာလုံးဝ မကြိုက်တာမို့ အခုလို အပြင်သွားရတော့ နှုတ်ခမ်းကြီးကိုစူပုတ်လို့နေသည်။ ဒီကိစ္စမှာက ငြင်းလို့လဲမရပေ။ဖခင်ရဲ့ တချက်လွတ်အမိန့်ဆိုတော့ ဘယ်လိုမှ မသွားလို့မဖြစ်ပေ ။

အပြင်သွားရတာမကြိုက်ဆိုသလို အထူးသဖြင့် အဲဒီရွာကို သွားရတာ မင်းခန့် ပို၍ပင်မကြိုက် ။ရွာချင်းအတူတူဆိုပေမဲ့ ထိုရွာက တောပိုကျကာချောက်ကပ်ကပ်နိုင်သည် ။သုံမိုင်လောက်ဝေးတဲ့ခရီးကို မိနစ်အနည်းငယ်အတွင်း ဆိုင်ကယ်ကို ဒုန်းစီးသွားပြီး ထိုရွာကိုရောက်လို့သွားသည်။

"ဟော ကိုတိုးမောင်တို့သားအဖ အလည်လား "

ထိုရွာကိုသွားလျှင် တည်းနေကျ အိမ်ဖြစ်တဲ့ မင်းခန့်ရဲ့အဖေ နှမတစ်ဝမ်းကွဲ မင်းခန့်ရဲ့အဒေါ်အိမ်ရောက်တော့ ဆိုင်ကယ်ကိုရပ်လိုက်သည်။ အဒေါ်ဖြစ်သူက စီးကြိုနှုတ်ဆက်ပေမဲ့ မင်းခန့် နည်းနည်းသာပြန်ပြုံးပြလိုက်သည်။ ဟုတ်တယ်လေ သူမလာချင်တဲ့ဒီရွာကို လာရတာ ပျော်လွန်းနေတာမှမဟုတ်တာ

"အလည်ဆိုပါတော့ဟာ နင့်အကို နေမကောင်းဘူးဆိုလို့ သတင်းမေးရင်းနဲ့ပေါ့ "

"ဪ ငါ့အကိုကြီးနယ် ခေတ်ကာလက မကောင်းတာကို တကူးတက လာနေသေးတယ် ကိုမျိုးလဲ နေကောင်းနေပါပြီ ကဲထိုင်ကြအုံး မိဆတ် နင့်အရီးတွေဖို့ လက်ဖက်သုတ်လိုက်အုံး "

ဒေါ်လေးက သူ့သမီး ဆတ်ဆတ်ကိုခိုင်းလိုက်သည်။

"အေး ရောက်မဆိုက်ဆိုသလိုပဲ နင့်အကိုဆီကိုသွားလိုက်တော့မယ် မင်းဒီမှာနေရင်နေခဲ့လေ "

မင်းခန့်အဖေကပြောတော့ မင်းခန့်ခေါင်းညိတ်ကာထိုအိမ်မှာပဲနေခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ လူနာလာမေးတဲ့သူအိမ်က ထိုအိမ်နဲ့အနည်းငယ်ဝေးသည်။မင်းခန့် မလိုက်ချင်တာသိတော့ ဒီကျိမျမှာပဲ ထားခဲ့ဖို့ လုပ်လိုက်တာ ။

"ဒေါ်လေးတို့ လုပ်စရာရှိတာလုပ်နော် ကျွန်တော့်ကိုအားနာမနေနဲ့ "

အတိုအထွာလေးများ🔞🔞🔞 (os)Where stories live. Discover now