အပိုင်း (၁၂)

6.6K 489 3
                                    

Unicode

ဘာလိုလိုနဲ့ လေပြေတို့ 3rd mb တောင် ပြီးသွားခဲ့ပြီဖြစ်သည်....စာမေးပွဲပြီးတုန်း စိတ်လွတ်ကိုယ်လွတ် နေလိုက်သော်လည်း နှစ်ပတ်ပင် မပြည့်ပဲ ပျင်းလာရသည်မို့ လေပြေသင်တန်းကို ပြန်joinဖို့ စဥ်းစားမိသည်....သင်တန်းမှာ မမမရှိဘူး ဆိုပေမယ့်ပေါ့လေ....

ဒီနေ့က သင်တန်းစတက်ရသည့်နေ့ပါပဲ...

ဒါပေမယ့် သင်တန်းမှာထိုင်နေရင်းနဲ့လဲ ပျင်းလာပြန်တာမို့ လေပြေ ကိုယ့်ကိုကိုယ်တောင် စိတ်ညစ်လာရသည်....သင်တန်းမှာကလဲ ရင်ခုန်စရာမှမရှိတော့တာကိုး....

အဲဒါနဲ့ သင်တန်းပြီးတော့ လေပြေ ခပ်မြန်မြန်ပင် လှေထားထစ်ပေါ်က ဆင်းလာလိုက်သည်....

"အမေ့...."

ရုတ်တရက် ချော်ဆင်းသွားသည်မို့ လေပြေ ဘာမှကို လှမ်းဆွဲမမှီပဲ ဝရုန်းသုံးကားဖြစ်သွားသည်...
မျက်လုံးအစုံကို မှိတ်ပြီး အကျမနာဖို့ကိုသာ ဆုတောင်းလိုက်ပေမယ့် အောက်ကို လိမ့်မသွားဘဲ နွေးထွေးကျစ်လစ်သည့် လက်တစ်စုံက လေပြေ့ကို ဖမ်းထိန်းလိုက်တာကို ခံစားလိုက်ရသည်...

"ဘာဖြစ်လို့ အဲလောက်တောင် အလောတကြီးဆင်းလာရတာလဲ...."

ကိုယ့်ရင်ဘတ်ကို ကိုယ်ဖိရင်း ရင်တုန်မြန်နေတာကို ပြန်ထိန်းနေဆဲ ကြားလိုက်ရတဲ့ အသံခပ်တောင့်တောင့်ကြောင့် လေပြေကမန်းကတန်း မော့ကြည့်လိုက်တော့....

"မမဇော်...."

အလန့်တကြားမော့ကြည့်နေတဲ့ ရင်ခွင်ထဲက ကောင်မလေးကို ဇော်အသာလွှတ်ပေးလိုက်ရင်း...

"နောက်ဆို အတက်အဆင်းတွေ သတိထား...."

ဟုတ်လို့ ပြန်ပြောမလို့ လုပ်နေတုန်း အနောက်က ဆင်းလာတဲ့ လူတွေကြောင့် လေပြေ့မှာ ဘေးကို မြန်မြန်ကပ်ပေးရပြန်သည်.....

ဇော် က လေပြေ့လက်ကို လှမ်းဆွဲလိုက်ကာ...

"လာ အောက်ကို ဆင်းရအောင်.... "

လေပြေနဲ့ မမနဲ့အတူ အပြင်ဘက်ကို ခပ်သွက်သွက် လိုက်ထွက်လိုက်ပါသည်....

အပြင်ရောက်တော့ မမဇော်က...

"တစ်ခုခု သွားစားမလား.... အသွေးကြည့်ရတာ ရင်တုန်နေသေးတဲ့ပုံပဲ...."

Second ChanceWhere stories live. Discover now