အပိုင်း(၁၈)

8.3K 581 9
                                    

Unicode

ညက တော်တော်နဲ့ အိပ်မပျော်သောကြောင့် လေပြေ အိပ်ရာထတော့ တော်တော်နောက်ကျနေပြီ...ဘယ်အိပ်ပျော်မလဲ...မမဇော်ကို ခေါင်းထဲမှ ထုတ်လို့မှ မရတာ...စိတ်ကို ဘယ်လောက်ပဲတင်းထားတင်းထား ခေါင်းငိုက်စိုက်နဲ့ ကျန်နေခဲ့တဲ့ မမကို မျက်လုံးထဲမှ မထွက်ပေ...

စောစောစီးစီး သက်ပြင်းချရင်း လေပြေ ရေချိုးခန်းထဲ ဝင်လာလိုက်သည်...ရေပိုက်ကို လှည့်ဖွင့်လိုက်တော့ ရေကထွက်တစ်ချက် မထွက်တစ်ချက်နဲ့မို့ ပိုစိတ်ညစ်သွားရသည်...

ရေမချိုးတော့ဘဲ သွားတိုက်မျက်နှာသစ်သာ လုပ်လိုက်သည်...နောက်လဲ ကျနေပြီလေ...

အဝတ်အစားလဲကာ အောက်ဆင်းလာတော့ တီလေးကို မီးဖိုချောင်ထဲမှာ တွေ့လိုက်ရသည်...

ခုံဆွဲယူသံကြားတော့ တီလေးက လှည့်ကြည့်ကာ...

"မီးငယ်...မနက်စာစားသွားနော်..."

"ဟုတ်ကဲ့...တီလေး...ဒါနဲ့ ရေပိုက်တွေက ဘယ်လိုဖြစ်နေတာလဲ တီလေးရာ...စိတ်ညစ်လိုက်တာ..."

"တီလေးလဲ အဲဒါပြောမလို့ သမီးရယ်...ရေပိုက်တွေလဲ မကောင်းတဲ့အပြင် ဧည့်ခန်းက မီးချောင်းလဲ ရှော့နေတယ်...ရေရော မီးရော ဘာမှ အဆင်မပြေနေဘူး...တိုက်ခန်းငှားတုန်းက သေချာမစစ်ကြည့်လိုက်တာ မှားတာပဲ..."

"ခုမှတော့ ဘာတတ်နိုင်မှာလဲ တီလေးရယ်...ပြင်ဖို့ပဲ လုပ်ရမှာပေါ့..."

"အင်း...မီးငယ် စိတ်မပူနေနဲ့ တီလေး သူများတွေကို မေးထားလိုက်မယ်..."

"သမီးမရှိတုန်း မလုပ်ထားနဲ့နော်...သူစိမ်းတွေ အဝင်မခံနဲ့....ဘာမှ ယုံရတာမဟုတ်ဘူး...ခေတ်ကြီးကိုက..."

"အေးပါ...စုံစမ်းရုံပဲ စုံစမ်းထားမယ် ဟုတ်ပြီလား... "

"ဟုတ်...သမီးသွားတော့မယ်နော်...တီလေး တံခါးသေချာပိတ်ဦး..."

"အေးအေး..."

ဆေးရုံရောက်တော့လဲ တန်းစီစောင့်နေသော လူနာများကို ကြည့်ကာ လေပြေစိတ်ညစ်စရာတွေကို မေ့သွားပြန်သည်...

အားလုံးပြီးသွားလို့ နာရီကြည့်လိုက်တော့၁၂နာရီတောင်ထိုးနေပြီ...နွေးက ဒီမနက် ဂျူတီမရှိလို့နေ့လည်စာတစ်ယောက်တည်း စားရတော့မည်ပဲ...

Second ChanceWhere stories live. Discover now