အပိုင်း(၂၂)

8.2K 544 7
                                    

Unicode

"ဇော်ရောက်တာကြာပြီလား..."

"အခုပဲ ရောက်တာပါ..."

ခန့်က ဇော်ဘေးက ခုံကို ဆွဲယူပြီး ထိုင်လိုက်သည်...

"နီးနီးလေးထိုင်တော့ ပိုပြီး ဆွေးနွေးရလွယ်တာပေါ့ နော့..."

ချစ်စဖွယ် အမူအရာနှင့် အပြောလေးအပေါ် ဇော်ဘာမှပြန်မပြောမိ...

"တစ်ခုခုသောက်ပါဦး ဇော်ရဲ့ ခန့်က ဧည့်ခံချင်လို့ပါ..."

"အင်း...ကော်ဖီပဲသောက်တော့မယ်... "

ကော်ဖီမှာပြီးသွားတော့မှ...

"ဇော်တို့ စပြီး ကြည့်ရအောင်...ခန့်...ဒါက ဇော်တို့မှာ ရှိတဲ့ sampleတွေပါ...အခန်းတစ်ခုချင်းအပေါ်မှာ သုံးမယ့်ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီးတော့ စျေးအစားစားရှိပါတယ်...ခန့်ဘက်က လိုချင်တဲ့ ပုံစံကို ဒီ sampleထဲမှာ အရင်ရှာကြည့်ရအောင်...ဒါတွေက ဇော်ကိုယ်တိုင်ထည့်ထားတဲ့ designတွေပါ...အဲဒါတွေကိုမှ ခန့်အကြိုက် ထပ်ပြီးတော့ upgradeလုပ်ချင်လဲ ရပါတယ်..."

"အင်း ခန့်က အရမ်းကျပ်ပြီး ရှုပ်နေတာထက် ရှင်းရှင်း ကျယ်ကျယ်နဲ့ ခေတ်မှီမှီလေးကို လိုချင်တာ..."

"အဲဒါဆို ဒီဘက်ပုံတွေထဲကရော ခန့်..."

ဇော်က ဒီဘက်ခေတ် ကိုရီးယားအခန်းပုံစံလေးတွေကို ပြပေးလိုက်ပါသည်...

"အင်း ဒီလိုပုံစံတွေကိုတော့ ခန့်ကြိုက်ပါတယ်...ဒါပေမယ့် တစ်ခုကို ရွေးပေးရမယ်ဆိုရင်တော့ မရွေးတတ်ဘူး...ဇော်ဆိုရင်တော့ ဘယ်တာကြိုက်လဲ..."

ဇော် မျက်ခုံးတစ်ချက် ပင့်မိသွားကာ...

"နေတာက ခန့်နေရမှာလေ...ဇော့်အကြိုက်ကို ပြောပြီးတော့ ဘာလုပ်ရမှာလဲ..."

ခန့်က တဟားဟားရယ်ကာ...

"တို့လဲ စိတ်ရှုပ်လို့ပါကွာ...လုပ်ပါ...တစ်ခုရွေးလိုက်ပါ..."

"မရဘူးလေ...ခန့်...အခုက တစ်ပုံတည်းရွေးလို့မပြီးဘူးလေ...living roomတို့ kitchen တို့ အခန်းပုံစံကို အကုန်လိုက်ရွေးရမှာ..."

"အင်း...ဟုတ်ပြီကွာ...အဲဲဒါဆို ခန့်က အရင်ဒီထဲက ရွေးပြီးသွားရင်ရော...ဘာဆက်လုပ်ရမှာလဲ..."

Second ChanceWhere stories live. Discover now