Part 8

661 51 0
                                    

Unicode :


ကိုယ်နိုးလာတော့ မမကကိုယ့်လက်တစ်ဖက်ကိုကိုင်ပြီးကုတင်ပေါ်ကိုခေါင်းလေးတင်ပြီးအိပ်နေတယ်။မမတကယ်ကိုပြည့်စုံလွန်းတာပဲ ‌ကိုယ်အမြဲထိတွေ့ချင်မိတဲ့မျက်နှာလေးကိုထိတွေ့ဖို့ကိုအတွေးထက်လူကအရင်ထိတွေ့နေမိပြီ မမကတကယ်ကိုပြီးပြည့်စုံလွန်းတာပဲလို့ခပ်တိုးတိုးလေး‌ပြောလိုက်မိတယ်။

မမကနိုးလာပြီး သက်သာလားချာတိတ် မှန်းစမ်းဆိုပြီးကိုယ့်နဖူးပေါ်လက်ကလေးတင်လိုက်တော့ ကိုယ့်ရင်ခုန်သံတွေက မမ ကြားသွားမှာတောင်ကိုယ်စိုးရိမ်ရတယ်။

"အဖျားတော့မရှိတော့ဘူးပဲ နောက်ဆိုဂရုစိုက်နော် ချာတိတ် ချာတိတ်နေမကောင်းဖြစ်တာကို ကိုယ်လုံးဝသဘောမကျဘူးနော်"

"ဟုတ် နောက်ဆိုဂရုစိုက်ပါ့မယ် မမမေ"

"ဒါနဲ့အခုနကကိုယ့်မျက်နှာကကိုင်လို့ကောင်းလားဟင်"

"ကောင်းတာပေါ့ဗျာ အယ် မဟုတ် မကိုင်..."

"လာ လာ မမမေ နေ့လည်စာသွားစားကြမယ် မြန်မြန်"

အဟက် ရှက်သွားတဲ့ပုံလေးကတကယ်ကိုချစ်စရာလေးကွာ တကယ်ကိုရင်ခွင်ထဲထည့့်ပြီးဖျစ်ညှစ်ပစ်ချင်စရာလေးကွာ...။

သမီးတို့နှစ်ယောက်လာလေထိုင်ကြ မားမားကအခုပဲထမင်းစားမို့လာခေါ်တော့မလို့ပဲ။ သက်သာလား မားမားသမီးလေး အဖျားရောရှိသေးလား။

"မရှိတော့ဘူးမားမား သက်သာသွားပါပြီ ဒါနဲ့ ကိုကိုရောဟင်..."

"အော် သမီးအစ်ကိုကအလုပ်ကိစ္စချိန်းထားလို့သွားပြီ" လာလာထမင်းစားကြမယ်။

"ဟုတ်"

"သမီးပြန်လိုက်တော့မယ် မားမားနဲ့ပါးပါး "

"အေအေ သမီး ‌ဖြည်းဖြည်းသွားဦး ကားလဲဂရုစိုက်မောင်းနော်သမီး"

"ဟုတ် ချာတိတ်ကိုယ်ပြန်တော့မယ်နော် ဂရုစိုက်နော် ကလေးလေး"

"ဟုတ် မမမေ"

မမမေပြန်သွားတော့ပျင်းစရာကြီး ကိုယ်လဲ ပျင်းတာနဲ့ Gameထိုင်‌ေဆာ့နေလိုက်တယ်။ ခဏနေတော့ လူကအိပ်ချင်လာတာနဲ့ပြန်အိပ်လိုက်တယ်။

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now