Part 11

663 45 0
                                    

ဘာလိုလိုနဲ့ နောက်တစ်ပတ်‌ဆို ကိုကိုတရုတ်ကိုပြန်ရတော့မယ်။ကိုကိုကိုတိမ်လွှာလွမ်းနေရတော့မှာပဲလို့ကပ်ချွဲတော့

"ဒါဆိုကိုကိုနဲ့လိုက်ခဲ့လိုက်လေအရူးမလေးရဲ့"

"အေ့လေ လွမ်းမနေချင်ရင်လိုက်သွားလေး သမီး ဟိုကအလုပ်တွေသေချာလေ့လာခဲ့ပေါ့ မဟုတ်လဲသမီးကတရုတ်မှာအခြေချဖို့လုပ်နေတာပဲဟာ လိုက်သွားရင်သွားလေ…"

"ဟုတ် ပါးပါး လိုက်တော့လိုက်သွားချင်တယ်။ ဒါပေမဲ့…"

"ဘာမှဒါပေမဲ့မနေနဲ့ညီမလေးတိမ်လွှာ တရုတ်ကကိုကို့ကုမ္ပဏီမှာအလုပ်ဝင်လုပ်ပြီး တဖြည်းဖြည်းချင်းခွဲထွက်ပေါ့ ညီမလေးရ "

"ဟုတ်…ဒါဆိုညီမလေးလိုက်ခဲ့လိုက်မယ်လေနော် ကိုကို"

"Okay ပါဗျာ ဒါဆိုကိုကိုလေယာဉ်လက်မှတ်နှစ်‌ေစာင်ဖြတ်လိုက်မယ်နော်"

"ဟုတ် ကိုကို" ဒါနဲ့ဒီနေ့ကပိတ်ရက်ဆိုတော့ ဘယ်သွားကြမလဲဟင်။ ကိုကိုကဒီနေ့သူငယ်ချင်းတွေနဲ့ချိန်းထားတယ်။မပြန်ခင်လေး သူငယ်ချင်းတွေနဲ့နှုတ်ဆက်တဲ့အနေနဲ့သွားသောက်မလို့။

"ဟုတ် ဒါဆိုမားမားနဲ့ပါးပါးကရော…"

"မသွားတော့ပါဘူး သမီးရယ် အိမ်မှာ‌ပဲနားတော့မယ်…"

"ဟုတ် ပါးပါး"

ဒါဆိုဟိုနှစ်ကောင်ကိုphoneဆက်ပြီးချိန်းရမယ်။

*Ring Ring Ring*

"ဟင် မမမေပါလား…"ကိုယ် phကိုင်ဖို့ခဏတာတွေဝေနေမိတယ်။ကိုင်လိုက်ပါမယ်‌လေ နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ်ပေါ့။

"ဟယ်လို ချာတိတ်"

"ဟုတ် မမမေ"

"ဒီနေ့အားလား ချာတိတ် ကိုယ်ချာတိတ်နဲ့တွေ့ချင်လို့ပြောစရာတွေလဲရှိလို့…"

"ဟုတ် အားပါတယ်ဗျ"

"အွန်း ဒါဆိုကိုယ်ခဏ‌ေနရင်လာခေါ်မယ်နော် အဆင်သင့်လုပ်ထားနော် ချာတိတ်"

"ဟုတ်"

Phချပြီးတော့ဘာရယ်မဟုတ်ကိုယ့်ရဲ့ရင်ထဲအောင့်သက်သက်နဲ့ ဒီတစ်ခေါက်တွေ့ဆုံခြင်းကနောက်ဆုံးလဲဖြစ်သွားနိုင်တယ်မဟုတ်လား ဘာပဲဖြစ်ဖြစ်ဒီနေ့လေးကိုတော့ပျော်ပျော်ကြီးဖြတ်သန်းခဲ့ရမယ်။

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now