Part 13

677 53 1
                                    

Unicode :

ဒီနေ့ကကိုယ်တရုတ်ပြည်သွားရတော့မဲ့နေ့ ကိုယ့်စိတ်ထဲနေမထိထိုင်မသာဖြစ်နေခဲ့တယ် ဝမ်းနည်းနေသလိုမျိုးစိတ်ထဲ တစ်ကိုယ်ကောင်းဆန်ချင်တယ်သာပြောနေခဲ့ပေမဲ့လဲ ကိုယ်ကိုယ်တိုင်လဲမသွားချင်ခဲ့ပါဘူး ဒါပေမဲ့လဲ အရာအားလုံးအတွက်အချိန်လိုအပ်တယ်လေ ကိုယ့်စိတ်ကိုကိုယ်သေချာသိပြီးကိုယ်ရဲ့ရည်မှန်းချက်လေးကိုလဲပြည့်စေချင်တယ်လေ…

Flight က နေ့လည် 1နာရီမှထွက်မှာ ကိုယ်Airport ကို11ခွဲလောက်ထဲကအရောက်သွားတယ် ကိုယ်ရောက်တဲ့အချိန်ထိမမမေကိုမတွေ့သေးဘူး မမမေကလိုက်မပို့တော့ဘူးထင်ပါရဲ့… Phလေးတောင်ဆက်ပြီးမနှုတ်ဆက်တဲ့မမကို တိမ်လွှာ့ကိုဘယ်အချိန်ဖြစ်ဖြစ်စောင့်နေပါ့မယ်လို့ဘယ်လိုယုံကြည်ရမလဲ မမရယ်…နေနိုင်လိုက်တာမမရယ်…

"ချာတိတ်ကတကယ်ကြီးသွားတော့မှာပဲ ဘယ်လိုအင်အားနဲ့ချာတိတ်ကိုကိုယ်လိုက်ပို့ရမလဲဟင်။ချာတိတ်မရောက်ခင်ကတည်းကကိုယ် Airport ကိုရောက်နေခဲ့တာပါ။ချာတိတ်ကိုမြင်တော့မသွားဖို့တား‌ချင်တဲ့စိတ်ကတော်တော်ကိုထိန်းချုပ်ရခက်တယ်ချာတိတ်ရဲ့…ဒါတွေကိုမင်းလေးကတော့သိပါ့မလား။ဒါမှမဟုတ်ကိုယ့်ကိုများစိတ်ကောက်နေမလား   လိုက်မပို့လို့‌ဆိုပြီးလေ။ စိတ်ကောက်နေခဲ့ရင်တောင်ဒီကလူကချာတိတ်စိတ်ကျေနပ်အောင်တစ်နေ့ သေချာပေါက်ပြန်ချော့မှာပါ။"

နောက်ဆုံးတော့ Flight ပေါ်တက်ရတော့မယ်ခုထိမမမေရဲ့အရိပ်အယောင်တောင်ကိုယ်မတွေ့ဘူး။ မားမားတို့ပါးပါးတို့ကို‌ဖက်ပြီးနှုတ်ဆက်ရင်းကိုယ်မျက်ရည်တွေဝဲတက်လာခဲ့တယ်။နောက်ဆုံးတော့တကယ်ကြီးခွဲခွာရတော့မယ်မဟုတ်ပါလား။

"မားမားနဲ့ပါးပါးကိုသားကလွမ်းနေရတော့မှာပဲလို့ပြောပြီးကိုယ်ငိုမိတော့"

"အယ် သမီးလေးရယ် မငိုရဘူးလေ အဲ့လိုငိုနေရင်မားမားတို့ပါးပါးတို့ကသမီးကိုစိတ်ချလက်ချလွှတ်နိုင်ပါတော့မလားကွယ်"လို့မားမားကပြောတော့ပါးပါးက

"သားကြီး ညီမလေးကိုသေချာဂရုစိုက်နော်"

"ဟုတ် သားဂရုစိုက်မှာပါ ပါးပါးတို့မားမားတို့စိတ်မပူပါနဲ့နော် ကျန်းမာရေးလဲဂရုစိုက်ကြဦးနော် ညီမလေးအတွက်ကိုမပူပါနဲ့ သားသေချာဂရုစိုက်မှာပါဗျာ"

ကိုယ့်ရဲ့ချာတိတ်...🧡Where stories live. Discover now