Chapter 3

3.8K 800 139
                                    

Unicode

အားလုံး ပါးစပ်အဟောင်းသားလေး ဖြစ်နေစဥ်မှာပဲ အိမ်တော်ထိန်းက သူတို့အနားလျှောက်လာကာ ကူးရယ် ရောက်လာကြောင်း သတင်းလာပို့သည်။

( T/N: 姑爷 ( ကူးရယ် ) သားမက် )

အခုလောလောဆယ်တော့ ထန်းအိမ်တော်မှာ သားမက်ဆိုလို့ တစ်ယောက်ပဲရှိတယ်လေ။ သူက လုချန်!

အားလုံး တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ကြကာ ထန်းယီးယွမ်ကတော့ မျက်နှာမသာမယာဖြင့် ဆိုဖာကူရှင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။

လုချန်က ထန်းအိမ်တော်ထဲ မာန်ပါပါနဲ့ ဝင်လာသည်။ ထန်းမိသားစုဝင်တွေအားလုံး ဧည့်ခန်းထဲစုဝေးနေကြတာမြင်တော့ တစ်ခဏလောက်ကြောင်အသွားကာ ရင်ထဲက ဒေါသတွေကို ခက်ခက်ခဲခဲပြန်ချုပ်တည်းရင်း အားလုံးကို ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်သည်။

'' ဦးလေးတို့ ........ ပထမဆုံးတွေ့ဆုံခြင်းပါ လုချန်လို့ခေါ်ပါတယ် အားလုံး တွေ့ရတာဝမ်းသာပါတယ် ''

ထန်းပေါ်ထဲ့ စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ အတိတ်မေ့နေတယ်ပဲဆိုဆို ဘာပဲဆိုဆို လုချန်က သူတို့အပေါ်တော့ အရင်လိုယဥ်ကျေးနေဆဲပင်။ သို့သော် ' ပထမဆုံး တွေ့ဆုံခြင်းပါ ' ဆိုသည့်စကားကတော့ သူ့ကိုအနည်းငယ်မျက်ခုံးကြုံ့သွားစေသည်။

ယွမ်ချိုးလည်း စိတ်ထဲကနေ သက်ပြင်းတတိတိချနေမိသည်။ ထန်းယီးယွမ်က လက်မထပ်ခင် ကိုယ်ဝန်ရှိသွားတဲ့အတွက် လုချန်နဲ့ စောစောစီးစီး အိမ်ထောင်ပြုလိုက်ရသည်။ နှစ်ယောက်စလုံးက အရမ်းငယ်သေးတဲ့အပြင်ကို အရမ်းချစ်ကြတဲ့ချစ်သူတွေအဖြစ်ကနေ လက်ထပ်လိုက်ခြင်းမဟုတ်တဲ့အတွက် အိမ်ထောင်မမြဲမှာကို အမြဲစိတ်ပူနေခဲ့ရသည်။ ကံကောင်းသည်မှာ လုချန်က ဒီလေးနှစ်လုံးလုံး ထန်းယီးယွမ်ဆီမှာပဲ အချိန်တွေနှစ်မြှုပ်ထားကာ သဲသဲလှုပ်ချစ်ပြနေတာကို မြင်လိုက်ရတော့ သူ့ရဲ့ပူပန်မှုတွေလည်း တဖြည်းဖြည်းယုတ်လျော့လာခဲ့သည်။ ထန်းယီးယွမ်ကတော့ အားအားနေ ကွာရှင်းခွင့်တောင်းနေပေမဲ့လည်း ဟောင်သာဟောင်ပြီး ပြန်မကိုက်သည့် ခွေးလေးလိုမျိုး လုချန်ရဲ့အချစ်ကို သွေးတိုးစမ်းနေခြင်းသာဖြစ်ကာ လုချန် ထားသွားမှာကို အကြောက်ဆုံးလူက ထန်းယီးယွမ်ပင်။ ထို့ကြောင့် ကလေးနှစ်ယောက်လုံးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် အိမ်ထောင်ရေးတည်မြဲနေတဲ့အတွက် သူ အရင်ကလောက် စိတ်မပူမိတော့ပါ။ သို့သော် အခုလိုမျိုးဖြစ်လာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

ထန်းအိမ်တော်မှာ အိုမီဂါ ၇ယောက်ရှိတယ် [ ဘာသာပြန် ] Where stories live. Discover now